DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ၅ ရက်အတွင်း မူးယစ်ဆေး ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
August 24, 2016
မောင်တောတွင် ၅ ရက်အတွင်း မူးယစ်ဆေး ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး ဖမ်းမိ
1 / 12
Donate to DVB

မောင်တောမြို့နယ်ထဲမှာ ဩဂုတ် ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ WY မူးယစ်စိတ်ကြွဆေးပြား အရေတွက် သုံးသိန်းငါးသောင်းကျော်၊ ဒေသပေါက်ဈေး ကျပ်သိန်း ခုနှစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ မူးယစ်သတင်းအရ မြို့မရဲစခန်းတာဝန်ရှိသူတွေက မသင်္ကာဖွယ် ဆိုင်ကယ်တစီးကို ရပ်တန့်ရှာဖွေတဲ့အခါ နူရ်အာလောင် ၄၇ နှစ် စီးလာတဲ့ဆိုင်ကယ်မှာ WY တံဆိပ်ပန်းရောင် စိတ်ကြွဆေးပြား လေးသောင်းရှစ်ထောင်ကျော်ကို ဖမ်းမိခဲ့ပြီး မောင်တောမြို့မရဲစခန်းက မယ (ပ) ၈/၂၀၁၆ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၁ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ မြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဆန်းညွန့်က ပြောပါတယ်။

မောင်တောမြို့ပေါ်မှာပဲ ဇွန် ၂၂ ရက်နေ့ ညနေပိုင်းမှာလည်း သူတို့ကို ခေတ္တစခန်းမှူးရဲအုပ်ဆန်းညွန့် ဦးဆောင်တဲ့အဖွဲ့က မောင်တောက တောင်ပြိုကိုသွားမယ့် ခရီးသည်တင်ကားတစီးပေါ်မှာ ရှာဖွေစစ်ဆေးတဲ့အခါ ဂျင်ကီး (၂၀) နှစ် သယ်ဆောင်လာတဲ့ ထန်းလျှက်တောင်းထဲက WY တံဆိပ်ပန်းရောင် စိတ်ကြွဆေးပြား တစ်သောင်းနီးပါးကို တွေ့ရှိ ဖမ်းဆီးမိခဲ့ပါတယ်။

အဲ့ဒီကားပေါ်မှာပဲ ဒီလ်မူဟာမောက် (၁၄) နှစ် သယ်ဆောင်လာတဲ့ ထန်းလျှက်တောင်းထဲက. WY တံဆိပ်၊ ပန်းရောင် စိတ်ကြွဆေး လေးသောင်းနီးပါးကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို မယ (ပ) ၉/ ၂၀၁၆ နဲ့ မယ (ပ) ၁၀/ ၂၀၁၆၊ မူးစိတ် ဥပဒေပုဒ်မ ၁၅/ ၁၉ (က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဂျင်ကီးရဲ့ ထွက်ဆိုချက်အရ ကွင်းဆက်စုံစမ်းခဲ့တာမှာ ဩဂုတ် ၂၂ ရက်၊ ညနေ ၅း၃၀ မှာ မောင်တောမြို့၊ လသာအောက်ရွာမှာနေတဲ့ မာမက်ဟူဆိန်းရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေချိန် အိမ်နားက ရေကန်ထဲ ပစ်ချေဖြာက်ဖျက်ဖို့ ကြိုးစားတဲ့ WY ပန်းရောင် စိတ်ကြွဆေးပြား တစ်သိန်းကျော်ကို သိမ်းဆည်းရမိတဲ့အတွက် မယ (ပ) ၁၁/၂၀၁၆၊ မူး/စိတ် ဥပဒေ ၁၅/ ၁၉ (က) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

ဩဂုတ် ၂၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဂိတ်မှာ ရှောင်တခင် စစ်ဆေးမှုလုပ်နေတုန်း စစ်ဆေးမခံပဲ ထွက်ပြေးတဲ့ ပရိုဘောက်ယာဉ်ကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ယာဉ်မောင်းဟာ ရေမျက်တောင်ရွာနားမှာ ကားကိုထားပြီး ထွက်ပြေးသွားတဲ့အတွက် ဒုရဲအုပ်အောင်မျိုးထက် ဦးဆောင်တဲ့အဖွဲ့က ကားပေါ်မှာ ရှာဖွေတာမှာ WY တံဆိပ် ပန်းရောင် စိတ်ကြွဆေးပြား တစ်သိန်းလေးသောင်းကျော်ကို နောက်ခန်းကြမ်းပြင် အံဝှက်ထဲမှာ တွေ့ရှိခဲ့လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပြင်ဖြူရဲစခန်းမှာ မယ (ပ) ၁၈/ ၂၀၁၆၊ မုး စိတ် ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရဖို့ ဆောင်ရွက်နေပါတယ်။

၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ မောင်တောမှာ ဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက် သုံးသိန်းငါးသောင်းကျော်ရှိပြီး ဒေသတန်ဖိုး ကျပ်သိန်း ခုနစ်ထောင်ကျော်ရှိတယ်လို့

သတင်း-ကိုအောင်

ဓာတ်ပုံ- မောင်တောမြို့နယ်ရဲတပ်ဖွဲ့

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013