DVB Logo
Home
မြန်မာသတင်း
တောင်နီ ၃ လောင်းပြိုင် လူသတ်မှု သံသယရှိသူကို ဖမ်းမိပြီ
DVB
·
August 24, 2016
တောင်နီ ၃ လောင်းပြိုင် လူသတ်မှု သံသယရှိသူကို ဖမ်းမိပြီ
Donate to DVB

တောင်ကြီးမြို့နယ် မိုင်းသော်အရှေ့ ကျေးရွာအုပ်စု တောင်နီကျေးရွာမှာ လွန်ခဲ့တဲ့ရက်ပိုင်း သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူလို့ သံသရှိသူကို ဖမ်းဆီးရမိပြီလို့ ရွှေညောင်ရဲစခန်းက တပ်ကြပ်ကြီး ကျော်ဝေက ဒီဗွီဘီကို ပြောပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ရှို့စိန် (ခ) အိုက်မောင် (ခ) လုံးမောင်ဖြစ်ပြီး သူ့ကို သြဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းက သူရဲ့နေအိမ်ရှေ့ပြောင်းခင်းမှာ ဖမ်းဆီးရမိတာလို့ ပါတယ်။

“သူ့ကို မနေ့က ဖမ်းတယ်။  သူ့ကိုဒီမှာစစ်ဆေးပြီးမှ ညနေမှာ ကျနော်တို့ အချုပ်ပြတာ။ မနေ့တုန်းက ယမန်တွေဘာတွေ ယူပြီးမှ သူ့ကို တောင်ကြီးမှာပဲ ချုပ်လိုက်တယ်ဗျာ။”

ရှို့စိန် (ခ) အိုက်မောင်ကို  ပုဒ်မ ၃၀၂/၃၇၆ (လူသတ်မှုနဲ့ မုဒိမ်းမှု) တို့နဲ့ အမှုဖွင့်အရေး ယူထားပြီး ဒီကနေ့မှာတော့ သူ့ကို တောင်ကြီးမြို့မရဲစခန်းကနေထုတ်ပြီး သက်သေခံပစ္စည်း ကျန်တဲ့ဟာတွေ သွားသိမ်းနေတယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးခံယူသူ ရှို့စိန် (ခ) အိုက်မောင်ဟာ သေဆုံးသူ ဒေါ်ရွှေရည်ချိုနဲ့ လူမှုရေးအရ ပတ်သက်မှုရှိခဲ့ပြီး လွန်ခဲ့တဲ့ ၆ လလောက်က ဒေါ်ရွှေရည်ချိုက ပတ်သက်လိုခြင်း မရှိတော့ဘဲ တခြားလက်ထပ်မယ့်သူရှိကြောင်း ပြောဆိုတဲ့အတွက် မကျေမနပ်ဖြစ်ခဲ့ပါတယ်။

သြဂုတ် ၁၉ ရက်နေ့ မနက် ၂ နာရီမှာတော့ ဒေါ်ရွှေရည်ချိုရဲ့ အိမ်ကို ကျော်တက်ဝင်ရောက်ပြီး လိုက်ခဲ့ဖို့ခေါ်ဆောင်ရာ စကားများပြီး ဓားနဲ့ခုတ်ခဲ့ကြောင်း၊ သူတို့နှစ်ဦး ရုန်းရင်ဆန်ခတ်ဖြစ်ရာမှာ မ၀ါဝါထွေးရဲ့လက်မှာ ဓားဒဏ်ရာရခဲ့ကြောင်; အိပ်ခန်တွင်းအိပ်နေတဲ့ အားကျူး (ခ) စိုင်းလှိုင်ဟန်ကိုလည်း ဓားနဲ့ခုတ်ခဲ့ကြောင်း တရားခံ အိုက်မောင်က ထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

ကလေးတွေကို နှုတ်ပိတ်တဲ့အနေနဲ့ လုပ်ခဲ့တဲ့သဘောဖြစ်တယ်လို့ တပ်ကြပ်ကြီးက ပြောပါတယ်။

“သူကညအချိန်ကြီးဝင်သွားတဲ့အခါကျတော့ ကလေးတွေက အော်တဲ့အခါကျတော့ နုတ်ပိတ်တဲ့သဘောမျိုးပါပဲ။”

အသတ်ခံရတဲ့အမျိုးသမီး ဒေါ်ရွှေရည်ချို (၃၈) နှစ်ကတော့ နေအိမ်ရဲ့အဝင်ဝမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ကလေးနှစ်ဦးဖြစ်တဲ့ ခြောက်တန်းကျောင်းသူ မဝါဝါထွေး (၁၂) နှစ်နဲ့ တူဖြစ်သူ  ၂ တန်းကျောင်းသား မောင်အားကျူ (၁၀) နှစ်ကတော့ နေအိမ် အိပ်ခန်းအတွင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013