DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် တည်းခိုခန်းများ ဖွင့်လှစ်မည်
DVB
·
August 23, 2016
ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် တည်းခိုခန်းများ ဖွင့်လှစ်မည်
Donate to DVB

ချင်းပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်အောင် ဟိုတယ် သင်တန်းကျောင်း၊ ဟိုတယ်နဲ့တည်းခိုခန်းတွေ ဖွင့်လှစ်မယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်က ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ လုပ်ငန်းစဉ် ၂၀၁၆-၂၀၂၀ နဲ့ပတ်သက်လို့ Park Royal ဟိုတယ်မှာ ဒီနေ့သတင်းစာရှင်းလင်း ပြောဆိုတာပါ။

သူက “၂၀၁၆ ခုနှစ်ထဲမှာလုပ်မယ့် လုပ်ငန်းစဉ်တခုအနေနဲ့ကတော့ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းတွေ ဖော်ထုတ်သွားဖို့ပါ။ တစ်နှစ်ကို အနည်းဆုံးရွာသုံးရွာ ဖော်ထုတ်မှာဖြစ်ပြီး ဒီနှစ်ထဲမှာ ကန်ပက်လက်မြို့နယ် ဆော်လောင်းကျေးရွာ၊ ဖလမ်းမြို့နယ် တာရွှန်းကျေးရွာနဲ့ တီးတိန်မြို့နယ်မှာ လိုင်လိုးကျေးရွာတွေကို ရွေးချယ်ထားပါတယ်”လို့ ပြောပါတယ်။

ဟိုတယ်တွေ တည်ဆောက်ဖို့ အဆိုပြုလွှာတွေခေါ်ယူနေပြီး ဟားခါးမြို့မှာ ဟိုတယ်ဆာက်ဖို့ ကုမ္ပဏီ ၅ ခုက အဆိုပြုထားပြီလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တွေဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013