DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် WY စိတ်ကြွဆေးပြားများကို သေနတ် ၂ လက်နှင့်အတူ ဖမ်းဆီးရမိ
DVB
·
August 23, 2016
တနင်္သာရီမြို့နယ်တွင် WY စိတ်ကြွဆေးပြားများကို သေနတ် ၂ လက်နှင့်အတူ ဖမ်းဆီးရမိ
Donate to DVB

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဇ၀ဲကျေးရွာအုပ်စု ဆင်ဒင်းကျေးရွာတွင် wy စာတန်းပါ စိတ်ကြွဆေးပြားတွေကို သေနတ် ၂ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တနင်္သာရီမြို့နယ် မြို့မရဲစခန်းရုံးမှ သိရပါတယ်။

သြဂုတ်လ ၂၂ ရက်နေ ညနေ ၅ နာရီအချိန် မြိတ်ခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းအကူ ရဲတပ်သားတွေနဲ့ အတူ သက်သေတွေ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ ဆင်ဒင်ကျေးရွာနေ သန်းဇော်ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ   နေအိမ်အောက်ထပ် အိပ်ရာပေါ်မှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၉) ပြား၊ အစိမ်းရောင် စိတ်ကြွဆေးပြား (၂) တူမီးယမ်းထောင်းသေနတ် (၁) လက်၊ ဆေးရှုကိရိယာ (၁) စုံ၊ အနက်ရောင် ဖုန်းတစ်လုံး (ဆင်းကတ်မပါ)နဲ့ သန်းဇော်ရဲ့ နေအိမ်သို့ ရောက်ရှိနေတဲ့ အောင်ထွန်း (ခ) နိုင်လင်းရဲ့ ခန္ဓာကိုယ် ဂျင်းဘောင်းဘီယာ ဘက်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၉၁) ပြားနှင့် ပစ္စတို (ကိုးလ်) တံဆိပ် ပါ (၄၅) ပစ္စတို (၁) လက်၊ ၄င်းကောင်း ကျည် (၄) တောင့်၊ ကျည်အိမ် (၁) ခုတို့အား ရှာဖွေတွေ့ရှိ သိမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲဖို့နဲ့ တရားမဝင် လက်နက်များ ကိုင်ဆောင်ထားရှိသူ သန်းဇော် (၃၀)နှစ်၊ (ဘ) ဦးတင်မွန်၊ ဆင်ဒင်ကျေးရွာ တနင်္သာရီမြို့နယ် နေသူနှင့် အောင်ထွန်း (ခ) နိုင်လင်း (၃၇) နှစ်၊ (ဘ) ဦးအောင်သန်း၊ တောင်ရှည်ကျေးရွာနေသူတို့ (၂) ဦးအား ဥပဒေအရ အရေးယူပေးရန် ရဲအုပ် မောင်မောင်မှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် တနင်္သာရီမြို့မရဲစခန်း မယ(ပ) ၂၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂ (ခ)ဖြင့် အမှုဖွင့်လှစ်ပြီး အမှုအား ဒုရဲအုပ် နေဝင်းမြင့်မှ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ်၊ ဓာတ်ပုံ - မြိတ်ခရိုင် ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013