DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် လိမ်ခံရသည့် မြန်မာအလုပ်သမား ၉ ဦးကို ကယ်ထုတ်
DVB
·
August 23, 2016
ထိုင်းတွင် လိမ်ခံရသည့် မြန်မာအလုပ်သမား ၉ ဦးကို ကယ်ထုတ်
Donate to DVB

ထိုင်းနိုင်ငံ အရှေ့ပိုင်း ရယောင်းမြို့နယ်ထဲမှာ ပွဲစားက လိမ်လည်ပြီး အလုပ်အကိုင်မဲ့နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၉ ဦးကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ်  (အမ်အေတီ)  က ကူညီကယ်ဆယ်ခဲ့ပါတယ်။

အသက် ၂၀ အရွယ်ကနေ ၂၆ အကြား အရွယ်အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၂ ဦးကို အကူအညီပေးခဲ့တာပါ။ သူတို့အားလုံးဟာ   လယ်ဝေးမြို့နယ် ကျောက်အိုးရွာသူရွာသားတွေ ဖြစ်ပြီး ဇူလိုင်လဆန်းမှာ ထိုင်းနိုင်ငံကို  ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

အလုပ်အကိုင်အဆင်မပြေ၊ ပွဲစားနဲ့လည်း ဆက်သွယ်လို့ မရတော့တာကြောင့် အခက်တွေ့ နေကြပြီး သြဂုတ်လ ၁၉ ရက်နေ့က သွားခေါ်ခဲ့တာလို့ အမ်အေတီ ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

သူက “သူတို့ရောက်လာတာ ၂ လပြည့်ဖို့ ဆယ်ရက်ဘဲလိုတယ်၊ သို့သော် အလုပ်စုစုပေါင်း ၉ ရက်ဘဲလုပ်ရသေးတယ်။ အခြေအနေမဟန်တော့ဘူးဆိုတာသိလို့ ကျနော်တို့ကို အကူအညီ တောင်းတာနဲ့ သွားခေါ်လာတာ၊ ငါးအကြေးခွံနဲ့ အရေခွံတွေ ခွါရတဲ့အလုပ်ရုံ အနီးက ရာဘာတောထဲမှာ ပုန်းနေတယ်ဆိုလို့ နယ်မြေခံရဲတွေနဲ့ ပေါင်းပြီး သွားခေါ်လာတာ၊ အခု ကျနော်တို့ရုံးမှာ စောင့်ရှောက်ထားတယ်၊ သူတို့ဆန္ဒအရ မြန်မာပြည်ပြန်ပို့ပေးဖို့ စီစဉ်နေပါတယ်။” လို့ ပြောပါတယ်။

အပြန်ခရီးစဉ်ဘေးကင်းဖို့နဲ့ လိမ်သွားတဲ့ပွဲစားကို ဖမ်းမိနိုင်အောင် မြ၀တီ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ကနေတဆင့် ပြန်လည်ပို့ဆောင်မယ်လို့ဆိုပါတယ်။

ပွဲစားက ရွာထိလာခေါ်ပြီး အဆင်ပြေစေရမယ်လို့ အာမခံပြီး ဒီရောက်မှ ဒုက္ခရောက်လို့ မကျေနပ်ကြောင်း အသက် ၂၆ နှစ်ရွယ် သီတာထွန်းက ခုလိုပြောပါတယ်။

“မျိုးဇော်ဆိုတဲ့ ပွဲစားက ရွာထိလာခေါ်တာ။ သူက အဆင်ေ့ပြစေရမယ်ပေါ့။အလုပ်ရုံမှာ အဆင်မပြေရင်လည်း ပြောင်းပေးမယ်။ အဆင်မပြေရင် ၂ ဆလျော်ပေးမယ်။ တာဝန်ယူတယ်၊ အာမခံတယ်ဆိုပြီး ပြောတာ၊ ဒီငါးကြေးချွတ်တဲ့ အလုပ်ရုံမှာ အလုပ်က ပုံမှန်မလုပ်ရဘူး။ အရင်လ က ၈ ရက်ဘဲလုပ်ရတယ်။ ဒီ ၈ လပိုင်းမှာက ၁ ရက်ဘဲလုပ်ရတယ်၊ အခုလက်ထဲမှာ တပြားမှ မရှိတော့ဘူး။ ပွဲစားကို ဆက်သွယ်လို့လည်း မရတော့ဘူး။ ညီမတို့ သူ့ကို လုံးဝ မကျေနပ်ဘူး။”

သူတို့ဟာ အလုပ်သမားကူညီရေးအဖွဲ့ထံတိုင်ကြားတာကို ပွဲစားကသိသွားရင် အန္တရာယ်ပြုမှာ စိုးလို့  ရာဘာတောထဲ ၂ ည သွားပုန်းနေတာလို့ လွတ်မြောက်လာသူ အသက် ၂၃ နှစ်ရွယ် မောင်ကိုလင်းက ဒီဗွီဘီကို  အခုလိုပြောပါတယ်။

“တောထဲမှာကျနော်တို့ ခြင်ကိုက်ဖြုတ်ကိုက် ၂ ည နေခဲ့ရတယ်။  သစ်ပင်အောက်မှာ ကိုယ်ပုဆိုးနဲ့ကိုယ် ခြုံပြီး အိပ်ရတယ်။ ကျနော်တို့ အလုပ်သမားကူညီရေးအဖွဲ့နဲ့ ဆက်သွယ်တာ ကို စက်ရုံကပွဲစားရဲ့သားချင်းက ရိပ်မိသွားတယ်။ ကျနော်တို့အဖွဲ့က ထိုင်းစကားတယောက်မှ မပေါက်ဘူးလေ။ အဲဒါ ပွဲစားလာခေါ်ပြီး လုပ်ချင်တာလုပ်ပစ်မှာကြောက်လို့  တောထဲသွား ပုန်းနေတာ၊ အလုပ်အကိုင်အဆင်မပြေတော့ ၃ ရက်ကို ထမင်း တနပ်ဘဲစားရတယ်။ ဒီကနေ တခြားအဆင်ပြေတဲ့နေရာ သွားလုပ်ချင်တာ၊ ပွဲစားကို လုံးဝဆက်သွယ်လို့ မရတော့ဘူး။  အခုဖြစ်ချင်တာကတော့ ပွဲစားကိုအရေးယူပေးဖို့ တိုင်ကြားချင်တယ်။ ကျနော်တို့ ဆီက ယူသွားတဲ့ ပိုက်ဆံတွေလည်း ပြန်လိုချင်တယ်။”

သူတို့ ၉ ယောက်ဟာ ထိုင်းနိုင်ငံကို အလုပ်လာလုပ်ဖို့နဲ့ နေထိုင်ခွင့်ပန်းရောင်ကဒ်ရဖို့ ပွဲစားကို တဦးလျှင် ကျပ် ၉ သိန်းစီပေးခဲ့ရပြီး အဲဒီငွေတွေဟာ အတိုးနဲ့ ချေးငှားလာခဲ့ရတာကြောင့် အကြွေးပြန်ဆပ်ဖို့ အဲဒီငွေတွေ ပြန်လိုချင်နေတာလို့  အသက် ၂၄ နှစ် ရွယ် ကိုချစ်စမ်းေ အာ င်က ခုလိုပြောပါတယ်။

“ကျနော်တို့ရွာက တောကျတော့ စီးပွးရေးမပြေလည်ဘူး၊ ပွဲစားက ထိုင်းမှာအလုပ်လုပ်ရင် တလ ၄ သိန်းခွဲရမယ်ပြောလို့  ပိုက်ဆံကို အတိုးနဲ့ချေးပြီး လာတာ၊ ဒီရောက်တော့ ပိုဒုက္ခေ ရာက်တယ်။ စိတ်ဓာတ် တအားကျတယ်။ ဆက်မနေချင်တော့ပါဘူး။  အကြွေးကျေရင် ကျေနပ်ပါပြီ။”

လောလောဆယ် သူတို့အားလုံး အမ်အေတီရုံးမှာ ခိုလှုံနေကြပြီး မြန်မာပြည်ပြန်ရမယ့်ရက်ကို စောင့်ဆိုင်းနေ ကြတာပါ။

အမ်အေတီအဖွဲ့ဟာ ဒီနှစ်ထဲ  လူကုန်ကူးမှု  အကြိမ်ပေါင်း ၂၃ ကြိမ်က လူကုန်ကူးခံရသူပေါင်း ၃၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးအဖွဲ့ဝင် ၉ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013