DVB Logo
Home
မြန်မာသတင်း
၎ လောင်းပြိုင်လူသတ်မှု၏ ဖေ့စ်ဘွတ်ခ်ပေါ်မှဂယက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူရှင်းလင်း
DVB
·
August 23, 2016
၎ လောင်းပြိုင်လူသတ်မှု၏ ဖေ့စ်ဘွတ်ခ်ပေါ်မှဂယက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူရှင်းလင်း
Donate to DVB

၎ လောင်းပြိုင်လူသတ်မှုနဲ့ပတ်သတ်ပြီး ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာတွေပေါ်မှာ ရေးသား ဖော်ပြနေတာတွေဟာ ကောလာဟလတွေသာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန် ထားခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ရွှေနံ့သာကျေးရွှာအုပ်စု ပတ္တမြား မြို့သစ်မှာ နေထိုင်တဲ့ ရဲဝန်ထမ်းဟောင်း ကိုစိုးနောင်နဲ့ မိသားစုဝင် ၃ ကို ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာတွေမှာ မူးယစ်ဆေးဝါးဖမ်းဆီးခဲ့မှုကြောင့် အငြိုးနဲ့ သတ်ဖြတ်တာတွေ ကိုစိုးနောင်ကိုယ်တိုင်က စိတ်ဖောက်ပြန်ပြီးမိသားစုကိုသတ်တာ စတဲ့ ထင်မြင်ချက်အမျိုးမျိုး ရေးသားမှုတွေရှိနေပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၂ ရက်နေ့မှာပဲ ဖမ်းဝရမ်းထုတ်ထားတဲ့ ပုံနဲ့ အမျိုးသားသုံးဦးပုံ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တွေ့ရပြီး ဒီထုတ်ပြန်ချက်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာ မဟုတ်ဘူးလို့ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အမှုမှန် အမြန်ဆုံးပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တာကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လိုကောက်ချက်မှမချချင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲမှူးလှဝေကပြောပါတယ်။

အသတ်ခံခဲ့ရတဲ့မိသားစုဝင် ၄ ဦးရဲ့ဈာပနကို သြဂုတ်လ ၂၂ ရက်နေ့ ရေဝေးသုသာန်သင်္ဂြိုဟ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူများလိုက်ပါပို့ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013