DVB Logo
Home
မြန်မာသတင်း
မော်လိုက်မြို့ အရှေ့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ မြေငလျင်လှုပ်
DVB
·
August 23, 2016
မော်လိုက်မြို့ အရှေ့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ မြေငလျင်လှုပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အရှေ့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၃ မြေငလျင်တခု ဒီနေ့ မနက်ပိုင်း လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၈ နာရီ ၄၂ မိနစ် ၄၈ စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၅၈ မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့ အရှေ့မြောက်ဘက် ၂၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကိုတော့ မသိရှိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013