DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်း တိုက်ပွဲကြောင့် လူမျိုးရေးမုန်းတီးမှုမဖြစ်ပွားရေး ဆွေးနွေး
DVB
·
August 22, 2016
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်း တိုက်ပွဲကြောင့် လူမျိုးရေးမုန်းတီးမှုမဖြစ်ပွားရေး ဆွေးနွေး
Donate to DVB

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် တိုင်းရင်းသားပြည်သူတွေအချင်းချင်း လူမျိုးရေးမုန်းတီးမှု မဖြစ်ပွားဖို့ လူငယ်တွေဦးဆောင်တဲ့ ဆွေးနွေးပွဲတခု ရှမ်းပြည်နယ် လားရှိုးမြို့မှာ ကျင်းပနေပါတယ်။

အထူးသဖြင့် အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ နဲ့ တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် တမြေတည်းနေ တိုင်းရင်းသား ပြည်သူတွေကြား အမုန်းမပွားရေး ယုံကြည်မှုတည်ဆောက်နေတာလို့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် မိုင်းမျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“အာရ်စီအက်စ်အက်စ်နဲ့ တီအန်အယ်လ်အေ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ရှမ်းလူထုနဲ့ တအာင်းလူထုကြားမှာ အထင်မြင်လွဲမှားမှုတွေ၊ လူမျိုးရေးပဋိပက္ခ အသွင်ဆောင် စေတဲ့ အပြောအဆိုတွေ အဲဒါတွေနည်းနည်းလေးရှိလာတဲ့အခါကျတော့ အဲလိုမျိုးတွေ အချိန်မီ တားဆီးနိုင်ဖို့အတွက်ပေါ့နော် ကျနော်တို့က အဲဒါကို ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ ဒီဆွေးနွေးပွဲကို လုပ်ရခြင်းဘဲ ဖြစ်ပါတယ်။”

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းလို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲမှာ တီဝိုင်အို နဲ့ အက်စ်ဝိုင်အို ရှမ်းလူငယ် အဖွဲ့ ၂ ဖွဲ့နဲ့ တီအက်စ်ဝိုင်အို တအာင်းလူငယ်အဖွဲ့၊ ပီဒဗလျူအို ပလောင်အမျိုးသမီးအဖွဲ့တို့ ဦးဆောင်ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ မြို]့နယ်ပေါင်း ၁၁ မြို့နယ်က လူငယ်နဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေပါ စုစုပေါင်း ၁၀၀ ကျော် ၀င်ရောက် ဆွေးနွေးနေတာပါ။

ဆွေးနွေးပွဲကို သြဂုတ်လ ၂၂ မှ ၂၃ ထိ ပြုလုပ်သွားမျာဖြစ်ပြီး ဒီနေ့မှာတော့ ဆွေးနွေးပွဲ တက်ရောက်သူတွေကြား ယုံကြည်မှုတည်ဆောက်ခြင်း၊ ဒေသအသီးသီးမှာ တွေ့ရှိရတဲ့ ပြဿ နာတွေ လာရောက်ဖလှယ်ခြင်းနဲ့ အချက်အလက်တွေ စုဆောင်းဖို့ ရှိပြီး နောက်နေ့တွေမှာတော့ ပြဿ နာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေကာ အတူတကွ ဆောက်ရွက်သွားနိုင်ရေးတွေ ဆွေးနွေးဖို့ရှိတယ်လို့ မိုင်းမျိုးအောင်က ပြောသွားပါတယ်။

အာရ်စီအက်စ်အက်စ် နဲ့ တီအန်အယ်လ်အေ တို့ကြား ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ လက်နက်ကိုင်အဖွဲ့ကို အားပေးထောက်ပံ့ခြင်း၊ လက်နက်ကိုင်အဖွဲ့ သတင်းပေးခြင်း၊ လက်နက်ကိုင်အဖွဲ့ဝင်မှာ ရွာသားယောင်ဆောင်ခြင်း စတဲ့စွပ်စွဲမှုတွေနဲ့ လူနေအိမ်ခြေ မီးရှို့ခံရတာ၊ လူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ထောင်နဲ့ချီတဲ့ ရွာသားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးပုန်းရှောင်ခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013