DVB Logo
Home
မြန်မာသတင်း
ဦးသိန်းစိန်ကို ကွန်ပြူတာပြုလုပ်ချက်ဖြင့် လှောင်ပြောင်ခဲ့သူဟု သံသယရှိသူကို ထပ်မံတရားစွဲရန် အမိန့်ချမှတ်
DVB
·
August 22, 2016
ဦးသိန်းစိန်ကို ကွန်ပြူတာပြုလုပ်ချက်ဖြင့် လှောင်ပြောင်ခဲ့သူဟု သံသယရှိသူကို ထပ်မံတရားစွဲရန် အမိန့်ချမှတ်
Donate to DVB

သမ္မတဟောင်းဦးသိန်းစိန်တို့ကို ကွန်ပျူတာပြုလုပ်ချက်တွေနဲ့လှောင်ပြောင် သရော်ခဲ့တဲ့ ကြက်ဖကြီးအကောင့်ပိုင်ရှင်လို့ သံသယရှိသူ ကိုလှဖုန်းကို စွဲချက်တင်ထားတဲ့အမှုတွေ  ဖြေရှင်းဖို့အတွက် မရမ်းကုန်းမြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီးက သြဂုတ်လ ၂၂ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။

ကိုလှဖုန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၆၅/အလံဥပဒေပုဒ်မ ၁၆၊ ဒုတိယရဲမှူးသိန်းဗိုလ်ထွန်းက တရားလိုပြုဆွဲဆိုထားတဲ့ အီလက်ထရောနစ်ဥပဒေပုဒ်မ ၆၆-ဃ ဒုဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုပြုဆွဲဆိုထားတဲ့ အီလက်ထရောနစ်ဥပဒေပုဒ်မ ၆၆-ဃ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ တို့ကို ဆက်လက်အမှုရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် အရင်စစ်ဆေးခဲ့တဲ့ တရားလိုတွေ တရားလိုပြသက်သေတွေကို ပြန်လည်ဆင့်ခေါ်ပြီး စစ်ဆေးသွားဖို့လည်း ရှိနေပါတယ်။

ဒီလိုအမှုကို ဆက်လက်ရင်ဆိုင်ဖြေရှင်းဖို့အတွက်အမိန့်ချချိန်မှာ တရားခံအဖြစ်သံသယရှိသူ ကိုလှဖုန်းက "မိမိတစုံတရာမကျူးလွန်တဲ့အတွက် အပစ်မရှိဘူး" လို့ ထွက်ဆိုခဲ့ပါတယ်။

ကိုလှဖုန်းရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကတော့ "အစိုးရသစ်လက်ထက်မှာ ဖြေလျှော့ပေး ထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅-ခ နဲ့ ထပ်မံတရားဆွဲဆိုဖို့ အမိန်ချတဲ့အတွက် တရားလိုတွေဘက်က သဘောထားတင်းမာတဲ့သဘောတွေ ရှိနေတယ်”လို့ ပြောခဲ့ပါတယ်။

ဖေ့ဘုတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော် သမ္မတဟောင်းဦးသိန်းစိန်တို့ကို ကွန်ပျူတာပြုလုပ်ချက်တွေနဲ့လှောင်ပြောင် သရော်ခဲ့တဲ့ ကြက်ဖကြီးအကောင့်ပိုင်ရှင်လို့ သံသယရှိတာကြောင့် ကိုလှဖုန်းကို ၆ လကျော် စစ်ဆေးနေတာပဲဖြစ်ပါတယ်။ ကိုလှဖုန်းအတွက် နောက်တကြိမ်ရုံးချိန်းကို မရမ်းကုန်းတရားရုံးမှာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီမှာ ထမ်မံချိန်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013