DVB Logo
Home
မြန်မာသတင်း
သားသမီးရအောင်ပြုလုပ်ပေးမည်ဟု အာမခံကာ ငွေကျပ်သိန်းပေါင်း ၁၂၀၀ ကျော် လိမ်လည်
DVB
·
August 22, 2016
သားသမီးရအောင်ပြုလုပ်ပေးမည်ဟု အာမခံကာ ငွေကျပ်သိန်းပေါင်း ၁၂၀၀ ကျော် လိမ်လည်
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အမျိုးသမီး ၅ ဦးကို သားသမီးရစေရမယ်လို့ အာမခံပြီး ငွေကျပ်သိန်း ၁၂,၀၄၅၅,၀၀၀ (တစ်ထောင့်နှစ်ရာလေးသိန်းငါးသောင်းငါးထောင်) လိမ်လည်မှု တခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်ပွားပုံမှာ မိုးညှင်းမြို့ပျော်ဘွယ်ကျေးရွာနေ ဦးစံအေးနဲ့ ဒေါ်စန္ဒာခိုင်တို့က သားသမီးရအောင် ပြုလုပ်ပေးနိုင်တယ်လို့ သိရတဲ့အတွက် မိုးညှင်းမြို့နဲ့အနီးရွာမှ အမျိုးသမီး ၅ ဦးတို့က ၂၀၁၅ ခုနှစ် ဇွန်လမှစပြီး သားသမီးရလိုတာကြောင့် သွားရောက်ဆေးကုသခံခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ရောက်တဲ့အထိ သားသမီးမရှိဘဲ နည်းအမျိုးမျိုးနဲ့ ၎င်းတို့ထံကနေ အကြိမ်ကြိမ်လိမ်လည် ငွေတောင်းယူခဲ့ကြတဲ့ ဦးစံအေးနဲ့ ဒေါ်စန္ဒာခိုင်တို့ ၂ ယောက်ကို နားခါရပ် အုပ်ချုပ်ရေးမှူး ဦးမြင့်အေး၊ ဟဲလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းတို့ထံ တိုင်ကြားပြီး ရပ်ကွက်ရုံးကတဆင့် ခေါ်ပေမယ့်လည်း မလာခဲ့တာကြောင့် မိုးညှင်းမြို့မရဲစခန်းသို့ လိမ်လည်ခံရတဲ့ အမျိုးသမီး ၅ ဦးက သွားရောက်တိုင်တန်းခဲ့ကြပါတယ်။

မိုးညှင်းမြို့မရဲစခန်းမှ အမှုစစ်ဒုရဲအုပ်စည်သူအောင်က (ပ)၁၀၀/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ (ပ)၁၀၁/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ (ပ)၁၀၂/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ (ပ)၁၀၃/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ (ပ)၁၀၄/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀ တို့နဲ့ သြဂုတ်လ ၁၉ ရက် ၁၁ နာရီ ၅၀ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။

ခရိုင်ကျန်းမာရေးဦးစီးဦးစီးဌာနမြို့နယ် ကျန်းမာရေးဦးစီးမှူးအရာရှိ ဦးလှဌေးနဲ့အဖွဲ့ကလည်း သက်သေမြို့နယ်ထွေအုပ် ဒုဦးစီးမှူးဖြိုးကိုကို၊ မြို့မရဲစခန်မှ ဒုစခန်းမှူး ရဲအုပ်စောအောင်ဝင်းဝင်း၊ ဒုအုပ်ဇော်ထက်ပိုင်၊ ဟဲလုံကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နဲ့အတူ ဦးစံအေးနဲ့ ဒေါ်စန္ဒာခိုင်တို့ နေအိမ်နေအိမ်ကို ရှာဖွေခဲ့ကြပါတယ်။

၎င်းတို့နှစ်ဦးကို နေအိမ်မှာတွေ့ရပြီး ဆက်လက်ရှာဖွေရာ နိုင်ငံတော်မှ ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုထားတဲ့ ဆေးဝါးများဖြစ်တဲ့ ANAGININJECTION ၄ ကတ်၊ MULTIVIDAIDAINJECTION ၃ ကတ်၊ DICLOFEMOCSODIOUN ၃ ကတ်၊ DICNO-M စားဆေးတဗူးနဲ့ ဆေးကုသရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ရဲအုပ် စောအောင်ဝင်းဝင်းက (ပ)၉၉/၁၆ ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။

ဦးစံအေးနဲ့ ဒေါ်စန္ဒာခိုင်တို့ လိမ်လည်ယူခဲ့တဲ့ ငွပမာဏမှာ ပထမအမျိုးသမီးထံက ၃၃၂၉၅၀၀၀ ကျပ်၊ ဒုတိယအမျိုးသမီးထံက ၂၃၃၆၀၀၀၀ ကျပ်၊ တတိယအမျိုးသမီးထံက ၄၆၈၉၇၀၀၀ ကျပ်၊ စတုထ္ထအမျိုးသမီးထံက ၁၂၉၉၀၀၀၀ ကျပ်၊ ပဉ္စမအမျိုးသမီးထံက ၃၉၁၃၀၀၀ ကျပ် စုစုပေါင်း ၁၂၀၄၅၅၀၀၀ ကျပ်ဖြစ်တယ်လို့ မိုးညှင်းမြို့မရဲစခန်းမှ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013