DVB Logo
Home
မြန်မာသတင်း
နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည်
DVB
·
August 21, 2016
နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည်
Donate to DVB

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စဆက်ရှ်မာဆွာရက်ခ်ျဟာ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး အရှိန်မြှင့်တင်ဖို့  သြဂုတ် ၂၂ ရက်နေ့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ အစိုးရသစ် တက်လာပြီး နောက်ပိုင်း နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် နိုင်ငံရေးဖလှယ်တဲ့ ရည်ရွယ်ချက်နဲ့ သွားရောက်မှာဖြစ်ပြီး နိုင်ငံခြားရေးအတွင်းဝန် အက်စ်ဂျိုင်ရှန်ကာနဲ့ အခြားအဆင့်မြင့် အရာရှိကြီးတွေလည်း လိုက်ပါသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ  မြန်မာသမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေုပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ဖို့ အဓိထားဆွေးနွေး ဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယမှာ ကျင်းပမယ့်  BRICS- BIMSTEC Outreach  တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်တွေနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က နယူးဒေလီမှာ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးရုံး ညှိနှိုင်းအစည်းအဝေးပွဲတွေအတွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ အန်အယ်လ်ဒီ အရပ်သားအစိုးရ အာဏာရပြီးနောက် အိန္ဒိယ အစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တဦး ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပြီး  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပြီး လာရောက်မှု လည်းဖြစ်ပါတယ်။

မစ္စ ဆက်ရှ်မာဆွာရက်ခ်ျဟာ ဒီခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိမ့်မယ်လို့  အိန္ဒိယသတင်းဌာနတွေမှာ ရေးသားဖော်ပြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာတော့ အိန္ဒိယအစိုးရတပ်တွေနဲ့  နာဂလက်နက်ကိုင်တပ်ဖွဲ့ NSCN-K တပ်တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

သြဂုတ် ၁၉ ရက်နေ့က အိန္ဒိယ ကွန်မန်ဒိုတပ်ဖွဲ့တွေ မြန်မာနိုင်ငံထဲဝင်ပြီး နာဂ လက်နက်ကိုင်တွေကို တိုက်ခိုက်ခဲ့လို့ ကျဆုံးမှုတွေရှိခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပေမယ့် အိန္ဒိယစစ်တပ် အာသံပြည်နယ် သေနတ်ကိုင်တပ်ရင်းကတော့ ဒီသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013