DVB Logo
Home
မြန်မာသတင်း
အသတ်ခံရသည့် ရဲအရာရှိဟောင်းနှင့်မိသားစုကို သြဂုတ် ၂၂ ရက်နေ့ သင်္ဂြိုဟ်မည်
DVB
·
August 21, 2016
အသတ်ခံရသည့် ရဲအရာရှိဟောင်းနှင့်မိသားစုကို သြဂုတ် ၂၂ ရက်နေ့ သင်္ဂြိုဟ်မည်
1 / 6
Donate to DVB

မင်္ဂလာဒုံမြို့နယ်မှာ သြဂုတ် ၂၀ ရက်နေ့က အသတ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်းနဲ့  မိသားစု ၃ ဦးကို သြဂုတ် ၂၂ ရက်နေ့ ရေဝေးသုသာန်မှာ ပို့ဆောင်သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ် ရွှေနံ့သာကျေးရွာအုပ်စု ကျူးကျော်ကွက်သစ် မြအေးချမ်းလမ်းသွယ်မှာ နေထိုင်တဲ့ ရဲအရာရှိဟောင်း ဦးစိုးနောင် (၃၇) နှစ်၊  ဇနီးမချယ်ရီပွင့် (၃၃) နှစ်၊ သားအကြီး ဟန်သူရ (၁၃) နှစ်နဲ့ သားငယ်စွမ်းထက်မြက် (၉ နှစ်) တို့ဟာ မနေ့က နေအိမ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နာရေးကို လိုက်ပါကူညီနေတဲ့ ပတ္တမြား လူမှုကူညီရေးအသင်းက ဦးမြစိုးက “မနက်ဖြန်မှာ သင်္ဂြိုဟ်ပါမယ်။ အချိန်တော့မသိရသေးဘူး။ အလောင်းတွေကို ခွဲစိတ်စစ်ဆေးနေတာ စောင့်နေရတာပါ။ ဒီညနေ အလောင်းတွေရမှ ရေဝေးနဲ့ အချိန်ညှိလို့ရမှာပါ” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ ဦးစိုးနောင် (၃၇နှစ်) ဟာ ဒုရဲအုပ်အဆင့်နဲ့ နုတ်ထွက်ထားသူ တဦးလည်း ဖြစ်ပါတယ်။

အသတ်ခံရသူ မချယ်ရီပွင့်ရဲ့ မိခင်ဒေါ်ရီရီနွဲ့က “မောင်စိုးနောင်က သဘောလည်း ကောင်းပါတယ်။ ရန်ငြှိုးလည်း မရှိပါဘူး။ ရှိရင်လည်း အပြင်မှာ တစ်ဦးချင်း ရှင်းလို့ရတာပဲ။ အပြစ်မရှိတဲ့ ကလေးတွေတော့ မလုပ်သင့်ပါဘူး။ မြေးအကြီးလေးက ၂၉ ရက်နေ့ဆို သူ့မွေးနေ့ရောက်ပြီ” လို့ ပြောပါတယ်။

ဒီအမှုကို ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၅ဝ၃/ ၁၆၊ ရာဇသတ်ကြီးပုဒ်မ (၃ဝ၂) နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ အသတ်ခံရတဲ့အကြောင်းရင်းကို မသိရသေးသလို ပြစ်မှုကျူးလွတ်သူကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

သတင်း/ဓာတ်ပုံ-အာကာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013