
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့မှာ ကူကီးမျိုးနွယ်စုတွေက သြဂုတ် ၁၉ ရက်နဲ့ ၂၀ ရက် ၂ ရက်တိုင်တိုင် ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲနဲ့ ကူကီးတိုင်းရင်းသားများဖိုရမ်ကို ကျင်းပခဲ့ပြီး အဆိုဖိုရမ် နောက်ဆုံး ပြီးဆုံးချိန်မှာ ကူကီး မျိုးနွယ်စုတွေက သဘောထားကြေညာချက် လေးရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီသဘောထားကြေညာချက် လေးရပ်ကတော့ နိုင်ငံတော် အစိုးရမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူမျိုးအမည်ရလဒ်ကို အမြန်ဆုံး ကြေညာပေးရန်။ အခြားကုတ် (914) တွင် ထည့်သွင်းသော ဌာနေတိုင်းရင်းသားများအား အမြန်ဆုံး အသိအမှတ်ပြုပေးရန်။ လူနည်းစု ကူကီးတိုင်းရင်းသားများကို ထိန်ချန်ထားခြင်း မရှိပဲ ၂၁ ရာစု ပင်လုံ ညီလာခံတွင် ကိုယ်စားလှယ် တက်ရောက်ခွင့်ပြုရန်။ မြန်မာနိုင်ငံတွင်း မှီတင်နေထိုင်ကြသော ကူကီးတိုင်းရင်းသားအရေး ကိုယ်စားပြု ကော်မတီကိုသာ ဆက်သွယ်ဆွေးနွေးရမည် စတဲ့ အချက်တွေ ဖြစ်ပါတယ်။
ကူကီးမျိုးနွယ်စုတွေ အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲနဲ့ ကူကီးတိုင်းရင်းသားများ ညီလာခံ သဘောထားကြေညာချက်ကို သြဂုတ် ၂၀ ရက်နေ့ ညနေ ၅ နာရီမှာ ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်










