DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံတွင် ရဲအရာရှိဟောင်းနှင့်မိသားစုဝင် ၃ ဦး အသတ်ခံရ
DVB
·
August 20, 2016
မင်္ဂလာဒုံတွင် ရဲအရာရှိဟောင်းနှင့်မိသားစုဝင် ၃ ဦး အသတ်ခံရ
1 / 4
Donate to DVB

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းလမ်းနဲ့ နဝရတ်လမ်းထောင့်ရှိ နေအိမ်တလုံးမှာ ဒီကနေ့ မနက်ပိုင်းက ရဲအရာရှိဟောင်းနဲ့ မိသားစုဝင်သုံးဦး ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရပါတယ်။

အသတ်ခံရတဲ့ အမျိုးသားဟာ အမှတ် ၈ လုံခြုံမှုထိန်းသိမ်းရေးတပ်ရင်းက ၂၀၁၄ ခုနှစ်မှာ  ဒုရဲအုပ်အဆင့်နဲ့ အလုပ်ထွက်ခဲ့တဲ့ ဦးစိုးနောင်ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ချယ်ရီပွင့်၊ သားအကြီးဖြစ်သူ ရှစ်တန်းကျောင်းသား ဟန်သူရနှင့် သားအငယ်ဖြစ်သူ သုံးတန်းကျောင်းသား စွမ်းထက်မြတ်တို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ  လူသတ်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး  အသတ်ခံရသူတွေရဲ့  နေအိမ်မှာ  နယ်မြေရဲတပ်ဖွဲနဲ.့ စီအိုင်ဒီရဲတပ်ဖွဲ့တို့က စစ်ဆေးမှုတွေ ပြုလုပခဲ့ပါတယ်။

အသတ်ခံရတဲ့အကြောင်းရင်နဲ့ အချိန်ကို အတိအကျမသိရသေးဘဲ အခင်းဖြစ်ရာနေရာကို တိုင်းနဲ့ ခရိုင်အဆင့် ရဲအရာရှိတွေ ဒီကနေ့ နေ့လယ်က လာရောက်စစ်ဆေးခဲ့ပါတယ်။

သတင်းဓာတ်ပုံ-ခိုင်ပန်းနု

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013