DVB Logo
Home
မြန်မာသတင်း
သထုံမူးယစ်အထူးတပ်ဖွဲ့ ဒုရဲအုပ်ကို လာဘ်စားမှုဖြင့် တရားစွဲအရေးယူ
DVB
·
August 20, 2016
သထုံမူးယစ်အထူးတပ်ဖွဲ့ ဒုရဲအုပ်ကို လာဘ်စားမှုဖြင့် တရားစွဲအရေးယူ
Donate to DVB

မွန်ပြည်နယ် သထုံခရိုင် မူးယစ်အထူးတပ်ဖွဲ့က တာဝန်ခံ ဒုရဲအုပ် သန်းဇော်ကို လာဘ်ငွေယူကြောင်း စစ်ဆေးတွေ့ရှိရလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆို အရေးယူးထားလို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒုရဲအုပ် သန်းဇော်ဟာ  မူးယစ်ဆေးဝါးမှုနဲ့ ကျိုက်ထိုမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူခံနေရတဲ့ လူငယ်တဦးရဲ့ မိဘတွေထံက ငွေကျပ် သိန်း ၂ဝ ကို ၂ဝ၁၃ သြဂုတ် ၁ဝ ရက်မှာတကြိမ်၊  အဆိုပါလူငယ်ကို ပြည်မြို့ ဝက်ထီးကန်ဆေးဖြတ် စခန်းသို့ မပို့ဆောင်ဖို့ အတွက် ငွေကျပ် ၃ သိန်းကို ၂ဝ၁၄  ဇူလိုင် ၂၅ ရက်မှာ တကြိမ် တောင်းခံယူခဲ့တာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒုရဲအုပ်သန်းဇော်ကို ကျိုက်ထို မြို့မရဲစခန်းမှာ အမှုဖွင့်ထားစဉ်  ထွက်ပြေး တိမ်းရှောင်သွားတာကြောင့်  ၂ဝ၁၅ မေ ၁ဝ ရက်မှာ  ကရင်ပြည်နယ် သင်္ဃန်းညီနောင်မှာ မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့ တယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံပြေး ဒုရဲအုပ်ဟောင်းကို ဘားအံ အကျဉ်းထောင်မှ မော်လမြိုင် အကျဉ်းထောင်ကို ပြောင်းရွှေ့ထားပြီး  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မွန်ပြည်နယ် တရားလွှတ်တော်မှာ  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆နဲ့ ပြီးခဲ့တဲ့  သြဂုတ် ၁၁ ရက်မှာ  တရားစွဲဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း  မိတ္ထီလာမြို့မ ရဲစခန်းမှူးနဲ့ ရဲအုပ်တို့ကို လာဘ်ငွေကျပ်နှစ်သိန်းတောင်းခဲ့မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆို အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013