DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် လယ်ယာမြေဧက ၁၃၀၀၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
August 20, 2016
စစ်ကိုင်းတိုင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် လယ်ယာမြေဧက ၁၃၀၀၀ ကျော် ပျက်စီးဆုံးရှုံး
1 / 4
Donate to DVB

အခုနှစ်ရေကြီးကာလအတွင်း မြစ်ရေနဲ့ ချောင်းရေတွေ မြင့်တက်ခဲ့လို့ စစ်ကိုင်းတိုင်းအတွင်းက လယ်ယာမြေစုစုပေါင်း ၁၃၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

သြဂုတ် ၁၂ ရက်နေ့အထိ ရေနစ်မြုပ်မှုမှာ စိုက်ပျိုးထားတဲ့ စပါးနဲ့ တခြားသီးနှံမျိုးစုံ ပျက်စီးခဲ့ရပြီး နစ်မြုပ်ခဲ့တဲ့ လယ်မြေဧက ၂၆၈၆၈ ထဲက ဧက ၁၃၀၂၈ ပျက်စီးခဲ့တယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ပြောပါတယ်။

ဒါကြောင့် ရေကြီးနစ်မြုပ်မှုကို လနဲ့ချီခံစားခဲ့ရတဲ့ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့နယ်မှ ကျေးရွာများ၊ ကသာ နဲ့ ကလေးမြို့ စတဲ့ မြို့နယ်တွေကို သက်တမ်းရင့်မျိုးစပါးတွေ ထောက်ပံ့ပေးသွားဖို့ အစီစဉ်ရှိတယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသိန်းက ပြောပါတယ်။

အများဆုံးပျက်စီးခဲ့ရတဲ့ သီးနှံတွေကတော့ စပါး၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နေကြာနဲ့ တခြားနှစ်ရှည်သီးနှံတွေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ခရိုင်ပေါင်း (၁၀) ခုမှာ အများဆုံးရေနစ်မြုပ်ခဲ့တဲ့ လယ်မြေအများစုကတော့ ကလေးခရိုင်မှာ ဖြစ်ခဲ့ပြီး လယ်မြေ ၉၀၀၀ ကျော်ပျက်စီးခဲ့ရပါတယ်။

ထူးကဲစွာ မိုးသည်းထန်ရွာသွန်းမှုတွေကြောင့် နိုင်ငံတ၀န်း  စိုက်ပျိုးသီးနှံ ဧကပေါင်း ၅ သိန်း ၈ သောင်းကျော် ရေမြုပ်၊ ဧက ၈ သောင်း ၆ ထောင်ကျော်ထိခိုက်ပြီး ဧက ၃ သောင်းလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့  အစိုးရ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနစာရင်းအရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတွေမှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီး လယ်ဧက ၃၂၀၀ ကျော်ကိုတော့ ပြန်လည်စိုက်ပျိုးပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၁၉ ရက်ထိ ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုမှာ ရေကြီးမှုတွေကြောင့်  အိမ်ထောင်စုပေါင်း ၁ သိန်း ၁ သောင်းကျော်၊ လူပေါင်း ၄ သိန်း ၈ သောင်းနီးပါး ရေဘေးသင့်ပြီး သေဆုံးသူ ၈ ဦးရှိနေပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013