DVB Logo
Home
မြန်မာသတင်း
ခိုင်မျိုးထွန်းအမှု တရားလိုဘက်ကမလာသဖြင့် ထပ်မံရုံးချိန်း
DVB
·
August 19, 2016
ခိုင်မျိုးထွန်းအမှု တရားလိုဘက်ကမလာသဖြင့် ထပ်မံရုံးချိန်း
Donate to DVB

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးဌာနမှ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းကို ဒီကနေ့ စတုတ္ထအကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုဘက်ကရောက်မလာလို့ သြဂုတ် ၂၅ ရက်နေ့ ထပ်မံရုံးချိန်းလိုက်ပါတယ်။

တရားလိုဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက တရားရုံးကို ရောက်မလာတာကြောင့် အာမခံချက်လျှောက်လဲချက်ကို နောက်တပတ်ချိန်းဆိုလိုက်တယ်လို့ ခိုင်မျိုးထွန်း ဘက်က အမှုကို လိုက်ပါဆောင်ရွတ်နေတဲ့ ရှေ့နေဦးကျော်သိန်းက ဒီဗွီဘီကိုပြောပါတယ်။

“ဒီနေ့ အာမခံလျှောက်လဲချက်ပေးဖို့ ချိန်းထားတယ်။ ပြီးတော့ တရားလိုဘက်ကို ပြန်လှန်စစ်ဆေးဖို့ချိန်းထားတာလည်း ဖြစ်ပါတယ်။ တရားလိုဘက်က ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်း တာဝန်တခုနဲ့ မအားလို့မလာဆိုပြီး ခွင့်တိုင်တယ်။ ကျနော်တို့ စွပ်စွဲခံရတဲ့သူတွေဘက်က အားမခံပေးသင့်ကြောင်း လျှောက်လဲချက်ပေးထားပါတယ်။ တရားသူကြီးကတော့ နောက်တပတ် ၂၅ ရက်နေ့ ရုံးချိန်းဆိုလိုက်ပါတယ်။”

ခိုင်မျိုးထွန်းအနေနဲ့အပြစ်မရှိကြောင်း အခုအမှုကို ပြန်လည်ထုချေဖို့ အကောင်းဆုံးပြင်ဆင်နေပြီး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေလည်း သူကအပြစ်ရှိသူတယောက်မဟုတ်ကြောင်း သုံးသပ်ထားတယ်လို့ပြောပါတယ်။

တရားရုံးကို တက်ရောက်နားထောင်ခဲ့တဲ့ စစ်တွေအမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ ခိုင်မျိုးထွန်းလို အမှန်တရားအတွက် ဖော်ထုတ်နေသူတစ်ယောက်ကို အခုလိုလုပ်ရပ်တွေအပေါ် ရှုတ်ချတယ်။ လူအခွင့်အရေးအနေနဲ့ပြည်သူရှေ့က မားမားမတ်မတ်ရပ်ရပ် တည်ပေးသူတယောက်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတယောက်ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ တိုင်းပြည်တပြည်မှာ လူဖြစ်ရတဲ့လူတွေအတွက် အမှန်တရားပေါ်ထွက်ခြင်း မရှိလာပါဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားတာဖြစ်ပါတယ်။

ဒီကနေ့ စစ်တွေမြို့တရားရုံးကို ဒေသခံပြည်သူ ရာနဲ့ချီပြီး ခိုင်မျိုးထွန်းကို လာရောက်ကြိုဆိုနေခဲ့ကြပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013