DVB Logo
Home
မြန်မာသတင်း
ဧည့်စာရင်း တိုင်​ကြားခြင်းနှင့် ဧည့်စာရင်းပြစ်​ဒဏ်​​ ဥပ​ဒေပုဒ်​မ​များ ပယ်​ဖျက်​​ပေးရန် တောင်းဆို
DVB
·
August 19, 2016
ဧည့်စာရင်း တိုင်​ကြားခြင်းနှင့် ဧည့်စာရင်းပြစ်​ဒဏ်​​ ဥပ​ဒေပုဒ်​မ​များ ပယ်​ဖျက်​​ပေးရန် တောင်းဆို
Donate to DVB

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေမှာ ဧည့်စာရင်းတိုင်ကြားခြင်းနဲ့ ဧည့်စာရင်းပြစ်ဒဏ် ဥပဒေပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေမှာ ဧည့်စာရင်းတိုင်ကြားခြင်းနဲ့ ဧည့်စာရင်းပြစ်ဒဏ် ဥပဒေပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူလူထူက တိုက်ရိုက်ရွေးကောက်ခွင့်ရဖို့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မလျော်သြဇာ သုံးတာ၊ အဂတိလိုက်စားတာ၊ လုပ်ငန်းပျက်ကွက်တာတွေကို ပြည်သူတွေက ပြစ်တင်ဆွဲဆို ပိုင်ခွင့်ကို ဥပဒေမှာ ပြဋ္ဌာန်းပေးဖို့ အချက်တွေအပါအဝင် အဓိကအချက် ၁၀ ချက်ကို အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်က တောင်းဆိုလိုက်တာပါ။

ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့ နေ့လယ် ၁ နာရီ ကျင်းပပြုလုပ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရပ်/ကျေး ဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဧည့်စာရင်းဆိုတာ နိုင်ငံတကာမှာလည်း မရှိဘူး။ ကျနော်တို့နိုင်ငံမှာလည်း မလိုဘူး။ နိုင်ငံသားတိုင်းက လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရှိတယ်လို့ Community Response Group က ကိုမြတ်စံက ပြောပါတယ်။

ရပ်ကျေးဥပဒေကို တတိယအကြိမ်ပြန်လည်ဆင်ရာမှာ အမျိုးသားလွှတ်တော်က ဧည့်စာရင်း တိုင်ကြားရမယ့်အချက်ကို ပယ်ဖျက်ပြီးဖြစ်ပေမယ့် ပြည့်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်လည်ထည့်သွင်းလိုက်တဲ့အတွက် အခုလိုတောင်းဆိုနေတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ ရပ်ကျေးဥပဒေကို ၂ ကြိမ်တိုင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ဖြစ်ပေမယ့် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်သေးဘူးလို့ ရပ်ကျေးဥပဒေ ပြင်ဆင်ရေး အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013