
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့ (Tourist Police) က ယာဉ်တစီး သြဂုတ် ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ရှေ့ဘီးပေါက်လို့ မဏိရတနာ ကျောက်စိမ်းခန်းမအနီး ရေမြောင်းအတွင်း ထိုးကျမှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီမော်တော်ယာဉ်ပေါ်မှာ မောင်းနှင်သူ ရဲတပ်ကြီးတဦးသာပါရှိပြီး နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်မောင်းနှင်သူ ရဲတပ်ကြီးကို မော်တော်ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ တာဝန်ရှိ သူတဦးက ပြောပါတယ်။










