
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာမှာ Asia Infrastructure Investment Bank (AIIB) မှ တာဝန်ရှိပုဂ္ဂိုလ် တွေနဲ့ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
ပြီးနောက် တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဝန်ကြီးနဲ့အတူ တရုတ်ရိုးရာ လဖက်ရည်ပွဲသုံးဆောင်ပြီး တရုတ်ရိုးရာ ဂီတပွဲနဲ့ ဖျော်ဖြေတင်ဆက်တဲ့ လူငယ်တွေကို နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၇ ရက်နေ့စတင်ပြီး သူ့ရဲ့ ၅ ရက်တာ ချစ်ကြည်ရေးခရီးစဉ်ကို စတင်ခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၁၈ ရက်နေ့က ပေကျင်းမြို့ Great Hall ခန်းမမှာ တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီကီချန်းက ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
ဓာတ်ပုံ - မြန်မာသံရုံး (ပီကျင်းမြို့)၊ Ministry of Foreign Affairs Myanmar











