DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်မြို့ လယ်ခေါင်မှ မသင်္ကာဖွယ်ပစ္စည်းကို ဖောက်ခွဲဖျက်ဆီး
DVB
·
August 18, 2016
ချင်းမိုင်မြို့ လယ်ခေါင်မှ မသင်္ကာဖွယ်ပစ္စည်းကို ဖောက်ခွဲဖျက်ဆီး
Donate to DVB

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာ ဒီကနေ့မနက် တနာရီခွဲက မသင်္ကာဖွယ် အရာ ၀တ္ထုတွေ့ရှိတဲ့အတွက်  တာဝန်ရှိရဲဝန်ထမ်းများက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

တာဝန်သိပြည်သူတွေရဲ့ သတင်းပေးချက်အရ အဆိုပါ မသင်္ကာဘွယ်ပစ္စည်းကို  ချင်းမိုင်မြို့လယ် ချန်းခလန်ရပ်ကွက် ကျရွန်းပရထစ်လမ်းမပေါ်ရှိ  ရီဂျင်နာကောလိပ်ကျောင်းရှေ့ ကားမှတ်တိုင်ရဲ့ ထိုင်ခုံပေါ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပစ္စည်းမှာ အ၀တ်အိတ်တခုတွင်းထည့်ထားသော ၅ လက်မခန့်ရှိ လေးထောင့်ပုံ ပလပ်စတစ်ဘူးတဘူးဖြစ်ပြီး အထဲမှာ အယ်လ်အီးဒီမီးလုံးတလုံးဖြစ်ကြောင်း၊ သူတို့ဟာ အဆိုပါပစ္စည်းကို  အသုံးပြုပြီး ဖောက်ခွဲခဲ့ကာ ဘေးကင်းမှ ၀င်ရောက်ရှင်းလင်းခဲ့တာလို့  အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့မှ ဒူရဲမှူး ၀ိခ်ျယင်းဝုန်းထစ်က သတင်းထောက်တွေကို ပြောပါ တယ်။

မသင်္ကာဖွယ်ပစ္စည်းမှာ ဖောက်ခွဲရေးပစ္စည်း ဖြစ်ဟန်မတူဘဲ တစုံတယေက်ကမေ့လျော့ ကျန်ရစ်ခဲ့ ဟန်ရှိကြောင်း၊ ဒါပေမယ့် အဲဒီနေရာဟာ လူအများဖြတ်သန်းသွားလာရာ လူစည်ကားရာ နေရာတခုအတွက် အများပြည်သူလုံခြုံရေးဦးစားပေးပြီး ဖျက်ဆီးခဲ့ရတယ်လို့ ဒုရဲမှူးက ပြောသွားပါတယ်။

ဓာတ်ပုံ-chiangmainews.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013