DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ခိုးဝင်သူများ စစ်ဆေးရေးတွေ့၍ တောင်ပေါ်တက်ပြေး
DVB
·
August 18, 2016
ထိုင်းသို့ခိုးဝင်သူများ စစ်ဆေးရေးတွေ့၍ တောင်ပေါ်တက်ပြေး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ ဒီကနေ့ မနက်ပိုင်းက မြန်မာနယ်စပ် ရနောင်း ဘက်ကနေ တရားမ၀င် ၀င်ရောက်လာတဲ့သူတွေ လမ်းမှာ စစ်ဆေးရေးတွေ့လို့  ကားနဲ့ အထုတ်အပိုးတွေထားခဲ့ပြီး တောင်ပေါ်တက်ပြေးတိမ်းရှောင်သွားကြောင်း အိုင်အဲန်အဲန် သတင်း innnews.co.th မှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င်လမ်းကြောင်းကနေ ၀င်ရောက်လာမယ့်သူတွေရှိကြောင်း ကြိုတင် သတင်းရထားချက်အရ  ချွန်းဖွန်းခရိုင် ဖတိုမြို့နယ်ရှိ စစ်တပ်နဲ့ ရဲတွေပါဝင်တဲ့ တာဝန်ရှိ သူတွေဟာ  လန်ဆွန်နဲ့  ရနောင်းကြား ကားလမ်းအပိုင်းကို စောင့်ကြပ်စစ်ဆေးစဉ် မသင်္ကာဖွယ် ဟိုင်းလတ်တစီးကို တားဆီးစစ်ဆေးခဲ့တယ်လို့ ဖတိုမြို့နယ်ရဲစခန်း ဒုရဲမှူးဆုမ်စနစ်ခမ်းဟာက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးမေးမြန်းစဉ် ကားရှေ့ခန်း ၂  ခုမှာ လူ ၅ ယောက်နဲ့ ကားနောက်ခန်းမှာ အနည်းဆုံး ဆယ်ဦးလောက်ရှိမယ့် လူတစုကို အပြည့်တင်ဆောင်ပြီး မိုးကာနဲ့ဖုံးအုပ်ထားကြောင်း၊ တာဝန်ရှိသူတွေမှာ ဆက်လက်စစ်ဆေးရန် ပြင်ဆင်နေတုန်း ကားသမားက အမြန်မောင်း ထွက်သွားတဲ့အတွက် တာဝန်ရှိသူတွေလည်း တခြားကားတစီးပေါ်တက်ပြီး အနောက်ကို လိုက်သွားကြောင်း၊  အဆိုပါ လမ်းဟာ တောင်ပေါ်လမ်းဖြစ်တဲ့အတွက် အကွေ့အကောက်များ ကြောင်း၊  ကီလိုမီတာ ၃၀ လောက်အကွာ လိုက်လာတော့ တောင်ပေါ်လမ်းကြားထဲ ရပ်ထားတဲ့ အဆိုပါကားတစီးကို တွေ့ရပြီး လူတော့ တယောက်မှ မရှိတော့ဘူးလို့ ဆိုပါတယ်။

ကားပေါ်မှာလည်း အ၀တ်အစားအထုတ်အပိုးတွေချန်ခဲ့ကြောင်း၊ အဲဒီနေရာဟာ တောတောင်ထဲ မှာ ဖြစ်တဲ့အတွက် ကားပေါ်ကလူတွေ တောင်ပေါ်တက်ပြေးကုန်တာ ဖြစ်နိုင်ကြောင်း၊ သူတို့ကို ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် တောထဲလူစုခွဲပြီး ရှာဖွေရေးလုပ်နေတယ်လို့  ဒုရဲမှူးက ပြောသွားပါတယ်။

ဓာတ်ပုံ - innnews.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013