DVB Logo
Home
မြန်မာသတင်း
လာဘ်စားသည့် မိတ္ထီလာမြို့မ ရဲစခန်းမှူးနှင့် ရဲအုပ်တို့ကို တရားစွဲအရေးယူ
DVB
·
August 18, 2016
လာဘ်စားသည့် မိတ္ထီလာမြို့မ ရဲစခန်းမှူးနှင့် ရဲအုပ်တို့ကို တရားစွဲအရေးယူ
Donate to DVB

လာဘ်ငွေကျပ်နှစ်သိန်းတောင်းခဲ့မှုနဲ့ မိတ္ထီလာမြို့မ ရဲစခန်းမှူးနဲ့ ရဲအုပ်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆို အရေးယူထားတယ်လို့  ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့မေ ၂၄ ရက်က မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေး ဆင်စလွယ်ရွာရှိ အောင်ကောင်းပြည့်စက်သုံးဆီအရောင်းဆိုင်မှာ ဆိုင်ဝန်ထမ်းတဦး ဓာတ်လိုက်သေဆုံးခဲ့တဲ့ ကိစ္စကို မိတ္ထီလာမြို့မရဲစခန်းမှူးသိန်းဟန်နဲ့အဖွဲ့က လာရောက်စစ်ဆေးပြီးနောက် ဆိုင်ပိုင်ရှင် ဦးအောင်ဝင်းအား ရဲစခန်းကိုလာဖို့ အကြောင်းကြားလို့ သွားရောက်ခဲ့ရာမှာ  ရဲအုပ်ဇော်ဝေ ကျော်က ငွေကျပ်နှစ်သိန်းပေးဖို့ တောင်းခဲ့တာလို့ ဆိုပါတယ်။

ဆိုင်ပိုင်ရှင်က ယင်းနေ့ ည ၉ နာရီမှာ  သက်သေ ၃ ဦးနှင့် အတူ ငွေကျပ်နှစ်သိန်း သွားရောက်ပေးအပ်ခဲ့ရာမှာ စခန်းမှူး ကိုယ်စား ရဲအုပ်ဇော်ဝေကျော်ကငွေ လက်ခံခဲ့တယ်လို့  ဆိုင် ပိုင်ရှင် ဦးအောင်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဇွန် ၇ ရက်က တိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။

ကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက်  ရဲစခန်းမှူး သိန်းဟန်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်မှာ သြဂုတ် ၁၆ ရက်က တရားစွဲဆိုထားပါတယ်။

အလားတူ  ရဲအုပ်ဇော်ဝေကျော်ကိုလည်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇ အရ မိတ္ထီလာမြို့နယ် တရားရုံးမှာ  သြဂုတ် ၁၇ ရက်က တရားစွဲဆို အရေးယူထားတယ်လို့ သိရပါတယ်။

အရေးယူခံထားရတဲ့ ရဲစခန်းမှူးနဲ့ ရဲအုပ်တို့ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

မြန်မာနိုင်ငံတွင်း လာဘ်ပေးလာဘ်ယူမှုနဲ့  အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အရေးယူ ဆောင်ရွက်ဖို့ ဦးမြ၀င်း ဥက္ကဌအဖြစ်ခေါင်းဆောင်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ယခင်အစိုးရ လက်ထက်ကတည်းက   နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်း တာဝန်ပေးထားတာပါ။

ဒါပေမယ့် အဂတိလိုက်စားမှုတွေကို ပြည်သူတွေကတိုင်ကြားရာမှာ အရေးယူဆောင်ရွက်မှု အားနည်းနေဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပြီး  ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကတော့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်ပြီး  ဌာနအသီးသီးမှာ  အရေးယူဆောင်ရွက်မှုတွေရှိပြီး အချို့ဝန်ထမ်းတွေကို ထုတ်ပယ်ပြောင်းရွှေ့တာတွေ လုပ်နေတယ်လို့  ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ငွေကြေးခဝါချမှုလုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်၍ တရားစွဲဆိုဆောင်ရွက်နေတဲ့ အကြောင်းနဲ့  ယခုအချိန်အထိ  တာဝန်ပေးမှု ၃၉ မှု၊ ဆောင်ရွက်ပြီးစီးမှု ၂၉ မှုနဲ့ လက်ကျန် ၁ဝ မှုရှိတယ်လို့လည်း အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က မီဒီယာတွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013