DVB Logo
Home
မြန်မာသတင်း
ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးတွင် နိုင်ငံကူးလက်မှတ်ကိစ္စဆောင်ရွက်နိုင်
DVB
·
August 18, 2016
ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးတွင် နိုင်ငံကူးလက်မှတ်ကိစ္စဆောင်ရွက်နိုင်
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စတွေကို ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးမှာ လာရောက်ဆက်သွယ်ဆောင်ရွက် နိုင်ပြီဖြစ်ပါ တယ်။

ချင်းမိုင်မှာ မြန်မာကောင်စစ်ဝန်ရုံးဖွင့်လှစ်လာတာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ယခင်က ပြည်ဝင်ခွင့်ဗီဇာကိစ္စဘဲ ဆောင်ရွက်နိုင်ပေမယ့် အခု နိုင်ငံကူးလက်မှတ် ပတ်စ်ပို့နဲ့ပတ်သက်ပြီး ၀န်ဆောင်မှုလုပ်ငန်းစတင်နေပြီလို့  မြန်မာကောင်စစ်ဝန် ဦးကောင်းစံလွင်က ဒီဗွီဘီကို ပြောပါတယ်။

“နိုင်ငံကူးလက်မှတ်ဖတ်တဲ့စက်က ဒီလဆန်းက ရောက်လာတယ်။ ကျနော်တို့ ဆော့ဖ်ဝဲတွေ ဘာတွေထည့်ပြီး စမ်းသပ်ပြီးတာနဲ့ ၀န်ဆောင်ပေးဖို့ ကြေညာထားတာပါ၊ ပတ်စပို့ သက်တမ်း တိုးချင်တဲ့သူတွေ၊ ပတ်စပို့စာအုပ်မှာ စာရွက်ကုန်တဲ့သူတွေ၊ နောက်တခုက ပတ်စပို့ ပျောက်သွားတာ၊ ရေစိုပျက်စီးသွားတာ အဲဒါဆိုရင် ဒီမှာလာလျှောက်ထားလို့ရတယ်။ လာလျှောက်ရင် ကျနော်တို့က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို တင်ပြီးတော့ အဲဒီက ခွင့်ပြုချက်ရရင် ဒီမှာထုတ်ပေးလို့ရပြီ၊ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ မိဘ နှစ်ပါးက မွေးလာတဲ့ကလေးဆိုရင် ဒီမှာ ပတ်စပို့ လာလျှောက်ထားလို့ရပြီ။”

ကုန်ကျစရိတ်အနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးတာ၊ စာရွက်ကုန်လို့ အသစ်လျှောက်ထားတာ၊ ကလေးအတွက် ပတ်စပို့စာအုပ်လုပ်တာဆိုရင် ဘတ်ငွေ ၈၀၀ ကျပြီး ပျောက်ဆုံး စုတ်ပြဲခြင်းတွေ အတွက်တော့ ဒဏ်ငွေ ၃ ဆ ပေးဆောင်ရလို့ ဘတ်ငွေ ၂၄၀၀ ကုန်ကျမှာပါ။

ဒီဝန်ဆောင်မှုမှာ ရွှေ့ပြောင်းအလုပ်သမားတွေကိုင်ဆောင်တဲ့ ယာယီနိုင်ငံကူး လက်မှတ်ကတော့ မပါဝင်သေးကြောင်း၊ အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရာမှာ ပြည်ထဲရေး၊ လ၀ကနဲ့အလုပ်သမားဝန်ကြီးဌာနဆိုင်ရာတွေပါ သက်ဆိုင်တဲ့အတွက် ချင်းမိုင်ရုံးမှာ လုပ်ပေးဖို့ အဆင်မသင့်သေးဘူးလို့  ဦးကောင်းစံလွင်က ပြောပါတယ်။

ချင်းမိုင်မြို့  ဆီဖုန်းရပ်ကွက် မနီးနုတ်ဖလပ်လမ်းသွယ် ၃ ရှိ မြန်မာကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့ ၂၀၁၆  ဇူလိုင် ၂၉ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး  ဗီဇာ နဲ့ ပတ်စပို့ကိစ္စအပြင် မြန်မာနိုင်ငံသားများအတွက် ထောက်ခံစာနဲ့  လက်ထပ်စာချုပ် စတာတွေ  ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013