DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည်
DVB
·
August 18, 2016
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည်
1 / 6
Donate to DVB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ညနေ ၅ နာရီမှာ တရုတ်နိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုမယ့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေကျင်းမြို့က ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀န်ယီ တည်ခင်းဧည့်ခံတဲ့ အလုပ်သဘော မနက်စာစားပွဲသို့ တက်ရောက်ခဲ့ပါတယ်။

ဒီနောက်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပေကျင်းမြို့ရှိ မြန်မာသံရုံးကို သွားရောက်ပြီး မြန်မာသံရုံးနဲ့ စစ်သံရုံးတို့မှ ၀န်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံးမိသားစုများမှ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကူမင်းမြို့ကနေတဆင့် တရုတ်နိုင်ငံ မြိုကတော် ပေကျင်းကို မနေ့ညက လေကြောင်းနဲ့ရောက်ရှိလာပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာ တရုတ်ဝန်ကြီးချှုပ် လီကီချန်းက အခမ်းအနား နဲ့ကြိုဆိုဖို့ရှိတယ်လို့ တရုတ်နေ့ စဉ်သတင်းမှာဖော်ပြပါတယ်။

အခမ်းအနားအပြီးမှာ နှစ်နိုင်ငံစာချုပ်တွေ လက်မှတ်ရေးထိုးဖို့ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနကို ကိုးကားပြီး သတင်းမှာဖော်ပြပေမယ့် ဘာစာချုပ်တွေလဲဆို တာကိုတော့ အတိအကျဖော်ပြခြင်းမရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သြဂုတ် ၁၇ ရက်ကနေ ၂၁ ရက်ထိ ၅ရက်ကြာ တရုတ်ပြည်ခရီးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ လည်းတွေ့ဆုံဖို့ရှိပြီး တရုတ်နိုင်ငံ တခြားမြို့တွေကို လည်းသွားရောက်ဖို့ရှိနေပါတယ်။

ဓာတ်ပုံ- မြန်မာသံရုံး (ပေကျင်းမြို့)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013