DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ကျောင်းသား လေးပုံတစ်ပုံ မိမိဆန္ဒအရမဟုတ်သည့် ဘာသာရပ်များ သင်ကြားနေရ
DVB
·
August 18, 2016
တက္ကသိုလ်ကျောင်းသား လေးပုံတစ်ပုံ မိမိဆန္ဒအရမဟုတ်သည့် ဘာသာရပ်များ သင်ကြားနေရ
Donate to DVB

လက်ရှိ တက္ကသိုလ်ကျောင်းသားတွေရဲ့ လေးပုံတစ်ပုံဟာ ကိုယ့်ရဲ့ ဆန္ဒနဲ့ ယူထားတာ မဟုတ်တဲ့ ဘာသာရပ်တွေကို သင်ကြားနေကြရတယ်လို့ စစ်တမ်းတခုက ဖော်ပြပါတယ်။

သန်လျင်နည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် (တာဝ) က ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀ ကို စစ်တမ်းကောက်ယူခဲ့တာပါ။

“ကျောင်းသူကျောင်းသားတွေဟာ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကို သင်ယူနေတာ မဟုတ်ပဲ ဘွဲ့တခုရဖို့ပဲ သင်နေတာ ဖြစ်ပါတယ်”လို့ စစ်တမ်းကောက်ယူခဲ့တဲ့ နည်းပညာ တက္ကသိုလ် သန်လျင်က BE ဒုတိယနှစ် ကျောင်းသား ငြိမ်းချမ်းအောင်က ဆိုပါတယ်။

တက္ကသိုလ် ကျောင်းသားကျောင်းသူ ၁၀၀ မှာ ၂၃.၉ ယောက်ဟာ လက်ရှိသင်ကြားနေတဲ့ ဘာသာရပ်ကို ဆန္ဒအရရွေးချယ်တာ မဟုတ်ပဲ ဝင်ခွင့်အမှတ်မမီတာနဲ့ မိဘတွေ သဘောဆန္ဒ အရ တက်ရောက်နေတာ ဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားကျောင်းသူ ၁၀၀ မှာ ၄၉.၅ ယောက်ဟာ   ကျူရှင်တွေ ထပ်တက်နေရတယ်လို့ ဆိုပါတယ်။

ကျူရှင်ယူတာ အနည်းဆုံးကတော့ ရန်ကုန်တက္ကသိုလ်ဖြစ်ပြီး ကျောင်းသား ၁၉၈ ယောက်မှာ ၃ ယောက်ပဲယူတာ တွေ့ရပါတယ်။

စစ်တမ်းရဲ့ ရည်ရွယ်ချက်က တက္ကသိုလ်တွေရဲ့ ဝင်ခွင့်ကို အမှတ်သတ်မှတ်ပြီး ခေါ်တဲ့အတွက် ကျောင်းသားကျောင်းသူတွေဟာ နှစ်သက်ရာဘာသာရပ်ကို မသင်ယူနိုင်တာနဲ့တက္ကသိုလ်တွေမှာ အခုထက်ထိ ကျူရှင်စနစ်စိုးမိုးနေတာကို အစိုးရတာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ပူးပေါင်းဖြေရှင်းနိုင်ဖို့အတွက်လို့ သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013