DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးနှင့် ဆက်နွယ်ဖမ်းဆီးခံရသူ ၄၅၀ ကျော် ပြန်လွှတ်ပေးခဲ့
DVB
·
August 17, 2016
နိုင်ငံရေးနှင့် ဆက်နွယ်ဖမ်းဆီးခံရသူ ၄၅၀ ကျော် ပြန်လွှတ်ပေးခဲ့
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်အနေနဲ့ နိုင်ငံရေးနှင့် ဆက်နွယ်သူပေါင်း ၄၅၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။

အစိုးရသစ်ရဲ့ ပထမ ရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး မနေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာ တွေကို ပြောကြားခဲ့တာပါ။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသူတွေရဲ့ အမှုတွေကို တရားရုံးတွေမှာ ရုပ်သိမ်း/ပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့ရာမှာ ရုပ်သိမ်း/ ပိတ်သိမ်းအမှုပေါင်း ၂၇၄ မှုနဲ့ အမှုရင်ဆိုင်နေရသူ ၄၅၇ ဦးတို့ကိစ္စကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အန်အယ်လ်ဒီ အစိုးရသစ်စတက်လာကာစ ရက်ပိုင်းအတွင်းမှာပဲ ဦးသိန်းစိန် အစိုးရ လက်ထက်က ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသားပညာရေးဥပဒေသပိတ်မှောက် ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၆၉ ဦးကို အမှုရုပ်သိမ်းပြီး အရင်ဆုံး ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ဇူလိုင်လကုန်ထိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၈၅ ဦး ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)က ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။ ဒီထဲမှာ ၈၃ ဦးဟာ ထောင်တွင်းအကျဉ်းကျခံနေရပြီး ၃၅ ဦးကတော့ ထောင်တွင်းမှ တရားရင်ဆိုင်နေရကာ ၁၆၇ ဦးက ထောင်ပြင်ပမှ တရားရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013