DVB Logo
Home
မြန်မာသတင်း
ဟိုပန်မြို့နယ်တွင် တောင်ကျရေကြောင့် နေအိမ် ၂၀၀ ကျော် ရွှံ့နွံများ ၀င်ရောက်
DVB
·
August 17, 2016
ဟိုပန်မြို့နယ်တွင် တောင်ကျရေကြောင့် နေအိမ် ၂၀၀ ကျော် ရွှံ့နွံများ ၀င်ရောက်
1 / 7
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ ညက ရေကြီးခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ ရေကျသွားပေမယ့် နေအိမ် ၂၀၀ ကျော် ရွှံ့နွံနဲ့သဲတွေ ဖုံးလွှမ်းကျန်ရစ်ပါတယ်။

ရွှံ့နွံတွေဟာ  တချို့အိမ်တွေမှာ ၅ ပေလောက်ထိ မြင့်တက်လာတဲ့အတွက် ကနေ့ထိ သန့်ရှင်းလို့ မပြီးနိုင်ဘဲ ခက်ခက်ခဲခဲ ကော်ထုတ်နေရတယ်လို့ ပေါက်ကတ်ရပ်ကွက်နေ စိုင်းအွမ်က ဒီဗွီဘီကို ပြောပါတယ်။

“တနင်္ဂနွေညက ကျနော်က တခြားရောက်နေတာ၊ အိမ်မှာ အမေနဲ့ သူ့မြေးပဲရှိတယ်။ အမေက အိပ်မပျော်လို့ ထလာတော့ အိမ်က ငလျင်လှုပ်သလိုမျိုး ခါနေတယ်။ ပြီးတော့ သူ့မြေးကို အပေါ်ထပ်မှာ သွားထားတယ်။ အောက်ဆင်းလာတော့ ခဏလေးပဲ ရေက ရင်ခေါင်းထိ ရောက်နေပြီတဲ့၊ ဘာပစ္စည်းမှ သိမ်းချိန်မရဘူး။ ဆန်အိတ်တွေလည်း ရေထဲပါသွားပြီ၊ အခု မီးဖိုချောင်သုံးပစ္စည်း၊ အိမ်သုံးပစ္စည်း သဲတွေရော ရွှံ့တွေရော အကုန်ဖုံးသွားတယ်။ အခုထိ ကော်ထုတ်လို့ မကုန်သေးဘူး။”

အခုလို ရွှံ့နွံတွေ ဖုံးနေတဲ့ နေအိမ်တွေဟာ မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ နမ့်ဆွန်ချောင်းရိုးတလျှောက်ရှိ ၀မ်အွန်၊  နမ့်ပီး၊  ပေါက်မိုင်း၊ ၀မ့်ခုမ်၊ ကောင်းဟုန်း စတဲ့ ကျေးရွာတွေမှာပါ  စုစုပေါင်း ၂၂၀ ကျော်ရှိကြောင်း၊  ကျေးရွာ အုပ်ချုပ်ရေးပိုင်း၊ စစ်တပ်နဲ့ ရဲတွေပါ ဒေသခံတွေနဲ့အတူ ကော်ထုတ်ရှင်းလင်းနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

အခြားဒေသခံတစ်ဦးဖြစ်သူ ဒေါ်မြစိန်ကလည်း ရေကြီးမှုအဆိုးဆုံးဒဏ်ခံရတာ ဆေးရုံကုန်းရပ်ကွက်နဲ့ ဈေးရပ်ကွက်တို့ဖြစ်ကြောင်း၊ ဈေးရပ်ကွက်မှာ ကုန်သည်အများစု နေထိုင်ပြီး ကုန်ပစ္စည်းတွေပါ ရေထဲပါသွားတဲ့အတွက်  တော်တော်များ ဆုံးရှုံးတယ်လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် လူပေါင်းတစ်ထောင်ကျော် နီးစပ်ရာဆွေမျိုးသားချင်းနဲ့ အသိမိတ်ေ ဆွအိမ်မှာ သွားရောက်ခိုလှုံနေရပြီး  ရေဘေးမသင့်တဲ့ အိမ်တွေက  ထမင်းထုတ်တွေ ပြန်ဝေငှပေးနေရတယ်လို့ ဆိုပါတယ်။

လောလောဆယ် စားစရာနဲ့ အ၀တ်အထည်တွေ လိုအပ်နေပြီး ကူညီထောက်ပံ့ လိုသူတွေ အနေနဲ့ ဟိုပန်ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ၀၉ ၄၀၃၇၂၆၄၃၉ ကို ဆက်သွယ်နီုင်ပါတယ်။

ဟိုပန်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကလည်း ရေကြီးမှုတခါဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် ဒီ တကြိမ်က အပျက်အစီး ပိုများတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ဟိုပန်မြို့နယ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ရောက်သွားပေမယ့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီဘက်က လာရောက်ကူညီပံ့ပိုးပေး တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - San Myint

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013