DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ (ဓာတ်ပုံ)
DVB
·
August 17, 2016
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ (ဓာတ်ပုံ)
1 / 6
Donate to DVB

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာလီခချန်းရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်မြို့ ကနေ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်လောက်က တရုတ်လေကြောင်းနဲ့ ထွက်ခွာသွားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကူမင်းမြို့ကတဆင့် ပေကျင်းမြို့ကို အထူးလေယာဉ်နဲ့ ညနေပိုင်းမှာ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်တင် တို့ လိုက်ပါခဲ့ပါတယ်။

ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013