DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် အရှေ့ဆယ်လန်ကျေးရွာသားများ နေရပ်ပြန်မရသဖြင့် အကူညီလိုအပ်
DVB
·
August 17, 2016
ရေဘေးသင့် အရှေ့ဆယ်လန်ကျေးရွာသားများ နေရပ်ပြန်မရသဖြင့် အကူညီလိုအပ်
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လူနေအိမ်တွေ မျောပါ ဆုံးရှုံးခဲ့တဲ့ ညောင်ဦးမြို့နယ် အရှေ့ဆယ်လန်ကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် ရွာသားတွေ ရွာပြန်လို့မရတော့ပဲ အကူညီ လိုအပ်နေပါတယ်။

ဖြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၀ လုံး မျောပါပျက်စီးခဲ့ပြီး ရွာရဲ့မြေနေရာတွေဟာ နေထိုင်ဖို့ မသင့်တော့လို့ ရွာသားတွေကို နေရာသစ်တခုဆီ နေရာချထားပေးဖို့ အစိုးရဘက်က စီစဉ်နေပေမယ့် ရွာသားတွေကတော့ အစိုးရစီစဉ်တဲ့နေရာကို မလိုလားကြပါဘူး။

မနေ့က ညောင်းဦးမြို့နယ်က တိုင်းဒေသကြီး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး သူတို့ကို အစိုးရဘက်က စီစဉ်ပေးတဲ့နေရာ မလိုလားကြောင်းနဲ့ သူတို့ပြောင်းရွှေ့လိုတဲ့နေရာတွေကို တင်ပြတောင်းဆိုခဲ့တယ်လို့ ညောင်ဦးမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောပါတယ်။

“ကျနော်တို့ကတော့ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်ပေးရုံလောက်ပဲ၊ ဘာမှ ဆုံးဖြတ်ချက်ပေးလို့ မရဘူး။ သူတို့ရဲ့ဆန္ဒကို သက်ဆိုင်ရာက သိအောင် တိုင်းဒေသကြီး အဆင့်ဆင့်ကို ကျနော်တို့က လှမ်းပြီးတော့ သတင်းပို့ရတာပေါ့။ သူတို့က အစိုးရချပေးတဲ့ ညောင်းချောက်ကွင်းကို မကြိုက်ဘူးလေ။ အဲဒီမှာ ကမ်းပါးတွေက စောင်းနက်တယ်၊ ဖို့မြေတွေနဲ့ပြန်လုပ်ရမှာလေ။ စက်ယန္တာရားတွေနဲ့ ညှိရမယ် အချိန်တော့ တော်တော်ယူရမယ်။ သူတို့ ဖို့မြေကို သိပ်သဘောမကျဘူးပေါ့နော်။ သူတို့ကတော့ သူတို့တောင်သူတွေဆီက ၀ယ်ထားတဲ့ ပန်းပင်ခံကွင်းကို လိုချင်တာပေါ့။ ပန်းပင်ခံကွင်းဆိုတာ မြို့ရှောင်လမ်းရဲ့ အရှေ့ဘက်ကျတောပေါ့။ အစိုးရဘက်က မြို့နယ်ထွေအုပ်ကတော့ ညောင်ခြောက်ကွင်းကို စီစဉ်တယ်ဆိုပြီး ရွာသားတွေကို လက်မှတ်ရေးထိုးခိုင်းထားတယ်။ ဒါပေမယ့် ရွာသူရွာသားတွေက မထိုးကြဘူး။”

အခု သြဂုတ်လဆန်းပိုင်းက ဧရာဝတီမြစ်ရေ တက်လာတာကြောင့် အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ အရှေ့ဆယ်လန်တရွာလုံး ပြောင်းရွှေ့နေရပြီး မြစ်ရေမြင့်တက်မှုနဲ့အတူ လူနေအိမ် ၁၀ လုံးထက်မနည်း မျောပါဆုံးရှုံးခဲ့ပါတယ်။

ဒီကနေ့အနေအထားရ သူတို့ရွာ ရေပြန်ကျသွားပေမယ့် မြစ်ရေတိုက်စား ပျက်စီးမှုတွေကြောင့် နေထိုင်ဖို့ အဆင်မပြေသေးတဲ့အတွက် ပုဂံမြို့ဟောင်း နတ်ထောင့်ကျောင်း၊ မြသီတာ ကျောင်း၊ ကမ္မကျောင်း၊ ရွှေကျောင်း၊ မြို့တောင်ကျောင်း၊ ရတနာမာန်အောင်ကျောင်း တွေမှာ နေထိုင်နေကြပါတယ်။

အရှေ့ဆယ်လန်ရွာမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကပြီး ရေတိုက်စားမှုကြောင့် ကျေးရွာတွေပျက်စီးခဲ့ပြီး ဒီနှစ်မှာ မြစ်ရေတက်ပြီး ထပ်မံရေတိုက်စားမှုကြောင့် အခုနှစ်  ဇူလိုင်လလယ်ကတည်းက နေအိမ်တွေ စတင်ရွှေ့ပြောင်း နေကြရတာပါ။

သြဂုတ်လ ၁၄ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးကိုယ် သွားရောက်ကြည့်ရှုခဲ့ပြီး နေထိုင်ဖို့ မသင့်တော့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အရှေ့ဆယ်လန်ကျေးရွာဟာ အိမ်ထောင်စု ၃၁၅ စုရှိပြီး လူဦးရေ ၁၂၈၉ ရှိ ရှိတဲ့အတွက် လတ်တလော နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013