DVB Logo
Home
မေးမြန်းခန်း
မျှော်လင့်​လို့​ အများ​ကြီး​ရပါ​သေး​တယ်၊ (သမ္မတ နိုင်ငံ​ရေး​အကြံ​ပေး​ ​နေဇင်လတ်နှင့်​ ​မေး​မြန်း​ချက်)
DVB
·
October 12, 2011
မျှော်လင့်​လို့​ အများ​ကြီး​ရပါ​သေး​တယ်၊ (သမ္မတ နိုင်ငံ​ရေး​အကြံ​ပေး​ ​နေဇင်လတ်နှင့်​ ​မေး​မြန်း​ချက်)
Donate to DVB

ဒီ​နေ့​ လွှတ်တဲ့​အထဲမှာ မပါ​ပေမယ့်​ ကျန်​နေသူ​တွေအတွက် ​မျှော်လင့်​ချက်​တွေ အမျာကြီး​ရှိ​သေး​တယ်လို့​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​ဝင် ဦး​နေဇင်လတ်က ဒီဗွီဘီကို​ပြောပါတယ်။

လွတ်ငြိမ်း​ချမ်း​သာခွင့်​တော့​ ထွက်လာတယ်။ ဒီ​နေ့​ထွက်လာတဲ့​အခါကျ​တော့​ လွတ်လာတဲ့​နိုင်ငံ​ရေး​သမား​တွေက သူတို့​ပြောကြတာရှိပါတယ်။ မ​နေ့​ကထိ​တော့​ အို​ကေ​ပေါ့​။ ဝမ်း​သာတယ်။ ဂျာနယ်​တွေဖတ်ရ​တော့​လည်း​ အ​ပြောင်း​အလဲ​တွေ မြင်​နေရတယ်။ ဒါ​ပေမယ့်​ ဒီ​နေ့​သူတို့​ကိုယ်တိုင် ထွက်လာ​ပေမယ့်​ နည်း​နေတယ်ဆိုတာမျိုး​ ​တွေ့​တော့​ စိတ်ပျက်တယ်ဆိုတာမျိုး​ ​ပြောကြတာရှိပါတယ်။

“သူတို့​ကို ကျ​နော်အား​ပေး​စကား​တော့​ ​ပြောချင်ပါတယ်။ တခြား​လွှတ်တဲ့​အခါမှာ အ​ရေအတွက်နဲ့​ ပတ်သက်ပြီး​တော့​ သိပ်​တော့​မ​ပြောလိုဘူး​။ လွန်ခဲ့​တဲ့​ ၅ လ​လောက်တုန်း​က ​ဖြေထား​တယ်။ ​မျှော်လင့်​ချက်​တွေ အများ​ကြီး​ရှိပါတယ်လို့​ ​ဖြေထား​တယ်။ သင့်​တယ်လို့​ ယူဆတဲ့​အချိန်မှာ​တော့​ ဒါ​တွေက တခါတည်း​နဲ့​ ပြတ်သွား​တဲ့​ကိစ္စမဟုတ်ဘူး​လေ။ သူ့​ဟာနဲ့​သူ​တော့​ ​မျှော်လင့်​လို့​ အများ​ကြီး​ရပါ​သေး​တယ်။”

ဆရာတို့​အကြံ​ပေး​တဲ့​ဆီမှာ​ရော ဘယ်​လောက်အတိုင်း​အတာထိ အကြံ​ပေး​ခဲ့​ပါသလဲ။

“ကျ​နော်တို့​က သမ္မတကြီး​ကို အကြံ​ပေး​တာ​တော့​ အတိအကျ ​ပြောလို့​တော့​ မရဘူး​။ သို့​သော်လည်း​ ​ယေဘုယျသ​ဘောအရ ​ပြောမယ်ဆိုရင်​တော့​ ဒါ​တွေက​တော့​ လွှတ်သင့်​ပါတယ်ဆိုတဲ့​သ​ဘောမျိုး​တော့​ ​ပေး​ထား​ပါတယ်။ ကျန်တာ​တော့​ ဘယ်လိုလုပ်မလဲဆို​တော့​ အကုန်လုံး​တော့​ မမြင်နိုင်ဘူး​ပေါ့​။ လုံခြုံ​ရေး​ကိစ္စနဲ့​ ပတ်သက်တာ၊​ အခြား​ကိစ္စရပ်​တွေနဲ့​ ပတ်သက်တာ၊​ ကျ​နော်တို့​မှာ အဲဒီ facility မရှိဘူး​။ အကုန်လုံး​ကို ခြုံငုံလုပ်ပြီး​တော့​ ကြည့်​နိုင်တဲ့​အမြင်က သူ့​ဆီမှာပဲရှိတာကို။ ဒါ​တွေက​တော့​ လွှတ်သင့်​တယ်လို့​တော့​ ကျ​နော်တို့​က ​ပေး​ထား​တယ်။ သို့​သော်လည်း​ ဘယ်အချိန်မှာ လွှတ်မလဲ၊​ ဘယ်​လောက်လွှတ်မလဲဆိုတာ ကျ​နော်တို့​က ဆုံး​ဖြတ်ပိုင်ခွင့်​မရှိဘူး​လေ။”

မျှော်လင့်​ချက်ရှိနိုင်​သေး​သလား​လို့​ ကျန်တဲ့​သူ​တွေအတွက်​ပေါ့​။

“ရှိပါတယ်။ အဓိက ကျ​နော်တို့​ သိရတာ​တော့​ သမ္မတကြီး​က သူ့​ပြည်သူ​တွေ အများ​ရဲ့​ ဆန္ဒကို ဖြည့်​ဆည်း​ပေး​ချင်တယ်ဆိုတာကို သိရတယ်။ ​နောက် သင့်​တော်တဲ့​အချိန်မှာ သူလုပ်သွား​ပေး​ဖို့​ သူ့​စိတ်ထဲမှာလည်း​ အမြဲတမ်း​ရှိတယ်။ အဲဒီဟာကို ကြည့်​ခြင်း​အား​ဖြင့်​ အလား​အလာ အများ​ကြီး​ရှိတယ်လို့​ပဲ ​ပြောလို့​ရမယ်​ပေါ့​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013