DVB Logo
Home
မြန်မာသတင်း
မိုးညိုမြို့နယ်တွင် လေဆင်နှာမောင်းတိုက်မှုကြောင့် အိမ် ၂၆ လုံးပြို၊ လူ ၆ ဦးဒဏ်ရာရ
DVB
·
August 17, 2016
မိုးညိုမြို့နယ်တွင် လေဆင်နှာမောင်းတိုက်မှုကြောင့် အိမ် ၂၆ လုံးပြို၊ လူ ၆ ဦးဒဏ်ရာရ
1 / 8
Donate to DVB

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် စိန်တိုင်ကျေးရွာမှာ လေဆင်နှာမောင်းတိုက်တဲ့အတွက် အိမ် ၂၆ လုံး ပြိုလဲပျက်စီးသွားပြီး လူ ၆ ယောက် ဒဏ်ရာရှိခဲ့ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ ည ၉ နာရီခွဲလောက်က စိန်တိုင်ရွာ နောက်ဖက်ထောင့်က အသံကြီး တခုနဲ့ စတင်ဝင်ရောက်လာတဲ့ လေဆင်နှာမောင်းကြီးတခုက ရွာထဲမှာ နာရီဝက်ကြာအောင် တိုက်ခတ်ခဲ့ပြီး အိမ် ၂၆ လုံး ပြိုလဲပျက်စီးခဲ့ပါတယ်။

အဲဒီကျေးရွာက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကထဲက ရေကြီးနစ်မြုပ်ခဲ့တာ တလခန့်ရှိနေပါပြီ ရေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရေအနည်းငယ်ကျသွားပေမယ့် ရွာထဲမှာရေက ခါးလောက်ရှိနေပါသေးတယ်။

သတင်း၊ ဓာတ်ပုံ - မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013