DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ် ချေးငွေသန်း ၁၀၀ ဟာ ၀န်ထမ်းလစာတိုးရန် မဟုတ်ဟု လွှတ်တော်တွင် ရှင်းလင်း
DVB
·
August 17, 2016
ကမ္ဘာ့ဘဏ် ချေးငွေသန်း ၁၀၀ ဟာ ၀န်ထမ်းလစာတိုးရန် မဟုတ်ဟု လွှတ်တော်တွင် ရှင်းလင်း
Donate to DVB

သြဂုတ်လ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရေးနဲ့ ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဗဟိုဘဏ်တို့ ပြန်လည်ရှင်းတာမှာ ပြောတာဖြစ်ပါတယ်။

ဒီချေးငွေနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သုံးစွဲမယ့် လုပ်ငန်းထဲမှာ ၀န်ထမ်းလစာ၊ အသုံးစရိတ်၊ ချီးမြှင့်ငွေအတွက် သန်း ၆၀ သုံးစွဲမယ်လို့ ပါတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ၀န်ထမ်းလစာတိုးမယ်လို့ သတင်းတွေ ထွက်နေတာကြောင့် အခုလို ပြန်လည်ရှင်းလင်းတာ ဖြစ်ပါတယ်။

ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ချေးငွေဟာ လစာတိုးဖို့ကိစ္စနဲ့ လုံးဝသက်ဆိုင်မှု မရှိဘဲ ၀န်ထမ်းလစာပေးဖို့ ရန်ပုံငွေမလုံလောက်လို့ ငွေချေးယူရတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ရေးသားပြောဆိုချက် မျိုးနဲ့လည်း သက်ဆိုင်မှု မရှိဘူးလို့ ဆိုပါတယ်။ ပုံမှန်လုပ်ဆောင်နေတဲ့ ဘက်ဂျက်ထဲကို ချေးငွေ ထည့်ဝင်ပေး ခြင်းသာဖြစ်ပါတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“၂၀၁၄ ခုနှစ် လစာတိုးစဉ်က နိုင်ငံတော်က ကျခံသုံးစွဲပေါင်းဟာ ကျပ် ၂၆၁ ဘီလီယံ သုံးစွဲခဲ့ ပါတယ်။ ၂၀၁၅ ခု နှစ် လစာနဲ့ စရိတ်တွေ တိုးမြှင့်စဉ်က နိုင်ငံတော်က သုံးစွဲငွေ ၈၃၄ ဘီလီယံ သုံးစွဲခဲ့ရပါတယ်။ အခု ကမ္ဘာ့ဘဏ်က ချေးမယ့် သန်း ၁၀၀ ဟာ မြန်မာငွေ ဘီလီယံ ၇၀ ကျော်သာဖြစ်ပြီး ၄ နှစ်ခွဲပြီး ရမှာဖြစ်လို့ ဒီချေးငွေဟာ ၀န်ထမ်းလစာတိုးမြှင့်ရေးမှာ သုံးစွဲရေးနဲ့ မည်သို့မျှ ပတ်သက်စပ်ဆိုင်မှု မရှိပါကြောင်း လစာပေးဖို့ ငွေမလုံလောက်လို့ ချေးယူရခြင်း လုံးဝမဟုတ်ပါကြောင်း တင်ပြအပ်ပါတယ်” လို့ ဒုတိယ၀န်ကြီးက ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ချေးယူမယ့် သန်း ၁၀၀ ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၇၅ သန်းနဲ့ မြန်မာနိုင်ငံဗဟို ဘဏ်က ၂၅ သန်း ခွဲဝေသုံးစွဲမှာဖြစ်ပါတယ်။

ဒီချေးငွေ ဒေါ်လာသန်း ၁၀၀ နဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲများတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013