DVB Logo
Home
မြန်မာသတင်း
စင်ကာပူအိမ်ရှင် သတ်ဖြတ်ခဲ့သည့် ချင်းအမျိုးသမီးအလောင်း ဇာတိမြေပြန်ရောက်
DVB
·
August 16, 2016
စင်ကာပူအိမ်ရှင် သတ်ဖြတ်ခဲ့သည့် ချင်းအမျိုးသမီးအလောင်း ဇာတိမြေပြန်ရောက်
1 / 6
Donate to DVB

ဇူလိုင်လ ၂၆ ရက်နေ့က စင်ကာပူနိုင်ငံမှာ အိမ်ရှင်ရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ မြန်မာအိမ်ဖော်မ လေးရဲ့ ရုပ်လောင်းကို  သူရဲ့ဇာတိမြေ တီးတိန်မြို့နယ်ကို ရောက်ရှိပြီး မနက်ဖြန်မှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

မြန်မာအိမ်ဖော်မလေး ပြောင်ငိုင်ဒွန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က အိမ်ရှင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပြီး သေဆုံးသွားခဲ့တာပါ။

အိမ်ရှင်သားအမိ နှိပ်စက်ညှဉ်းပန်းလို့ သေဆုံးသွားသော ချင်းတိုင်းရင်းသူ ဒေါ်ပြောင်ငိုက်ဒွန်ရဲ့ ရုပ်အလောင်းကို သြဂုတ်လ ၁၃ ရက်နေ့က စင်ကာပူကနေ မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့ပြီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူရဲ့ အထူးစီစဉ်မှုနဲ့  ရန်ကုန်နှင့် မန္တလေးနာရေးကူညီမှု အသင်းယာဉ်နဲ့ ကလေးမြို့ကို  သြဂုတ် ၁၄ ရက် ညနေပိုင်းက ရောက်ရှိခဲ့ပါတယ်။

ဒီနောက် ဇိုမီးလူငယ်လူမှုကူညီရေးအသင်းရဲ့ ဦးဆောင်မှုနဲ့  လူမှုရေးအသင်းအဖွဲ့များနှင့် ဆွေမျိုး မိတ်သင်္ဂဟများက ကလေးမြို့ အထက (၂)ကျောင်းရှေ့ တာဟန်းကက်သလစ် ဘုရားကျောင်း၌ ဈာပနအခမ်းအနား ပြုလုပ်ပြီး သြဂုတ် ၁၅ ရက်တွင်နေ့ ခင်းပိုင်းမှာောတ့ သူ့ရုပ်လောင်းဟာ မွေးရပ် ဇာတိဖြစ်သော တီးတိန်မြို့နယ် ဒိမ်ပီး ကျေးရွာမှာ ရောက်ရှိခဲ့ပါတယ်။

အသတ်ခံရပြီး ၂ လခန့်အကြာမှ အခုလို စင်ကာပူလူမှုကူညီရေးအဖွဲ့တွေ၊ စင်ကာပူမြန်မာသံရုံး အဖွဲ့တွေရဲ့ ကူညီဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံကို ပြန်သယ်လာနိုင်ခဲ့သလို မြန်မာပြည်တွင်း လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဇာတိမြေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

မနက်ဖြန် သြဂုတ်လ ၁၇ ရက်နေ့မှာတော့ သူ့ကို မြေမြုပ်သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

ပြောင်ငိုင်ဒွန်ဟာ စင်ကာပူနိုင်ငံမသွားချင် သူရဲ့သားငယ်ကို အစ်ကို၊ အစ်တွေဆီအပ်ထားပြီး သူသေဆုံးချိန်မှာ  သားလေး ၂ နှစ် ၈ လ တဦးကျန်ရစ်ခဲ့ပါတယ်။

အသက် ၂၄ အရွယ် ပြောင်ငိုင်ဒွန်းဟာ ချင်းပြည်နယ် တီးတိန်မြို့ ဒဲမ်ပီရွာ ဇာတိဖြစ်ပြီး  မိသားစုကို ပိုမိုထောက်ပံ့လိုတဲ့အတွက် စင်ကာပူမှာ အလုပ်လာလုပ်တာလို့ ပြောပါတယ်။

ပြောင်ငိုင်ဒွန်ဒဟာ  မိသားစု ၁၁ ယောက်ထဲမှာအငယ်ဆုံးဖြစ်ပြီး ၉ တန်းအောင်ပြီး ကျောင်း ဆက်တက်ချင်ပေမယ့် ငွေကြေးအခက်ခဲကြောင့် ကျောင်းထွက်လိုက်ရပါတယ်။

“တောင်ပေါ်ဒေသရဲ့ ဆင်းရဲခက်ခဲမှုကြောင့်  မောင်နှမ ၁၁ ယောက်ထဲမှ ၅ ယောက်ဆုံးသွားပြီး အခုသမီး Piang ထပ်ဆုံးတော့ ၄ ယောက်သာ ကျန်ခဲ့ပါတယ်။ စင်ကာပူလာတဲ့အစ်ကိုကတော့ သူတို့မြို့နယ်က church မှာ အလုပ်လုပ်ပါတယ်။ ငွေရှိရင်လစာရပြီး ငွေမရှိရင်လစာမရပါ။”  လို့ စင်ကာပူ မြန်မာအလုပ်သမားကူညီတဲ့ မ Kitty ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါ တယ်။

“ဘာကြောင့် စင်ကာပူမှာ အိမ်အကူလုပ်ချင်ရသလဲ ဆိုတော့ သူကိုယ်ပိုင်မြေလေးဝယ်ပြီး စိုက်ပျိုးချင်လို့ပါတဲ့။ အခုတော့ဖြင့် လမ်းခုလတ်မှာတင် အိမ်မက်ရောလူပါ အညွှန့်ကျိုး ဖျက်စီးခံလိုက်ရတာပါ”လို့လည်း မKitty ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူ့ကိုနှိပ်စက်တဲ့ အိမ်ရှင် အသက် ၅၈ နှစ်အရွယ် Prema Naraynasamy နဲ့ အသက် ၃၆ နှစ်ရှိ Gaiyathiri Murugayan တို့ ၂ ဦးကို စင်ကာပူရဲတပ်ဖွဲ့ ဖမ်းဆီးထားတရားစွဲဆိုထားပြီး အပြစ်ရှိ ကြောင်း တွေ့ရင်တော့ သံသယရှိသူ ၂ ဦးဟာ သေဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
ဓာတ်ပုံ - tedim post

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013