DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်ပြည်သူများအတွက် မုံရွာခရိုင်ဗကသများအဖွဲ့ချုပ်မှ အလှူခံ
DVB
·
August 16, 2016
ရေဘေးသင့်ပြည်သူများအတွက် မုံရွာခရိုင်ဗကသများအဖွဲ့ချုပ်မှ အလှူခံ
1 / 6
Donate to DVB

ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းရန်အတွက် မုံရွာခရိုင်ဗကသများအဖွဲ့ချုပ်က သြဂုတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ တွင်းအနှံ့အလှူခံခဲ့ကြပါတယ်။

အဆိုပါ အလှူခံတဲ့အထဲမှာတော့ မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်နဲ့ မုံရွာနည်းပညာ တက္ကသိုလ်မှ ကျောင်းသားတွေ ပါဝင်အလှူခံခဲ့ကြတာပါ။

အလှူခံရရှိလာတဲ့ ပစ္စည်းများကိုတော့ ချင်းတွင်းမြစ်ဝှန်းတ၀ှက်က ရေဘေးသင့်ပြည်သူများကို သွားရောက်လှူဒါန်းမှာဖြစ်ပြီး အဲဒီအတွက် အလှူခံခြင်းကိုတော့ ၃ ရက်ကြာပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရရှိလာတဲ့ ငွေကြေးရှင်းတမ်းနဲ့ ပစ္စည်းများစာရင်းကို မြို့ပြည်သူများအား အသိပေးဖော်ပြ သွားမှာဖြစ်ပြီး သွားရောက်လှူဒါန်းရာမှာ ငွေကြေးအပြင် လိုအပ်တဲ့ပစ္စည်းတွေပါဝင်မှာ ဖြစ်တယ်လို့ ဗကသ ကျောင်းသားအဖွဲ့ဝင်တဦးက ဆိုပါတယ်။

အလှူခံတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ မုံရွာမြို့မှာ လူစည်ကားတဲ့ လမ်းမကြီးများဒေါင့်မှာ ရပ်လျှက် အလှူခံခဲ့ကြသလို လမ်းတလျှာက်မှာလည်း တအိမ်တက်တအိမ်ဆင်း အလှူခံခဲ့ကြ ပါတယ်။

မုံရွာခရိုင်ဗကသများအဖွဲ့ချုပ်အနေနဲ့ ရေဘေးအတွက် အလှူခံခြင်းကို မုံရွာမြို့တွင်သာမက မုံရွာအနီးတ၀ှက်ရှိ မြို့တချို့မှာလည်း ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013