DVB Logo
Home
မြန်မာသတင်း
လုပ်ငန်းဗီဇာဖြင့်လာပြီး လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး
DVB
·
August 16, 2016
လုပ်ငန်းဗီဇာဖြင့်လာပြီး လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ လုပ်ငန်းဗီဇာနဲ့ လာရောက်တည်းခိုပြီး မာကျောက်လောင်းကစား ပြုလုပ်နေတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့ဘုတ်စာမျက်နှာ ဖော်ပြထားပါတယ်။

လှိုင်သာယာမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သက်ခိုင်နဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ သြဂုတ်လ ၁၄ ရက်နေ့ မနက် ၁ နာရီခန့်က လှိုင်သာယာမြို့ (၆) ရပ်ကွက်၊ ပီမိုးနင်းလမ်း၊ အမှတ် ၁၈၁၅ ရှိ ကြာပန်းဟိုတယ်ကို ဝင်ရောက် ရှာဖွေခဲ့ပါတယ်။

ကြာပန်းဟိုတယ်မန်နေဂျာ မခင်သူဇာနဲ့ လုပ်ငန်းဗီဇာနဲ့ လာရောက်တည်းခိုနေကြတဲ့ လျှူဝီကောင်း အပါအ၀င် တရုတ်နိုင်ငံသား ၄ ဦးတို့ကို မာကျောက် လောင်းကစားရာမှာ အသုံးပြုတဲ့ ပစ္စည်းနဲ့ လောင်းကြေးငွေ ၁,၁၀၇,၂၅၀ ကျပ် ဖမ်းဆီးရမိခဲ့ပါတယ်။

ဟိုတယ်မန်နေဂျာ မခင်သူဇာနဲ့ တရုတ်နိုင်ငံသား လျှူဝီကောင်း အပါအ၀င် ၄ဦးတို့ကို လှိုင်သာယာမြို့မရဲစခန်း(ပ)၁၇၃၂/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013