DVB Logo
Home
မြန်မာသတင်း
နာဂဒေသတွင် ကူးစက်ရောဂါကြောင့် လူသေဆုံးမှုအတွက် ကူညီပေးရန် တောင်းဆို
DVB
·
August 16, 2016
နာဂဒေသတွင် ကူးစက်ရောဂါကြောင့် လူသေဆုံးမှုအတွက် ကူညီပေးရန် တောင်းဆို
1 / 4
Donate to DVB

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကူးစက်ရောဂါကြောင့် လူသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အချိန်မီ ကူညီ ထောက်ပံ့ပေးဖို့အတွက် တောင်းဆိုလိုက်ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်နဲ့ နန်းယွန်းမြို့ရှိ ရွာပေါင်း ၁၆ ရွာမှာ လက်ရှိ ကူးစက်ရောဂါကြောင့် လူသေဆုံးမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့၊ အစာအာဟာရနဲ့ ဆေးဝါးတွေ ကူညီ ထောက်ပံ့ပေးဖို့ တိုင်းရင်းသားလူငယ်များနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သြဂုတ် ၁၆ ရက်နေ့မှာ တောင်းဆိုလိုက်တာပါ။

နာဂဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတခုဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာတွေကြောင့် အခုလိုအခြေအနေတွေကို ကြုံတွေ့နေရတာ ဖြစ်တယ်လို့ တိုင်းရင်းသားလူငယ်များ စုပေါင်းရေးသားထားတဲ့ သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နာဂဒေသမှာ ဇွန်လကနေ သြဂုတ် ၁၂ ရက်နေ့အထိ သေဆုံးသူဦးရေ ၄၂ ဦးရှိခဲ့ပြီး အခုလိုဖြစ်ပွားရတာဟာ ဝက်သက်ရောဂါ အစုလိုက် ဖြစ်ပွားတာလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

အစိုးရဖက်ကတော့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါဖြစ် ပွားခဲ့သော ကျေးရွာများသို့ အာဟာရ အခြေအနေ မြှင့်တင်ပေးရန်အတွက် မနေ့ သြဂုတ်လ ၁၅ ရက်နေ့မှာ  ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာချုပ်ရှိ တပ်မတော် လေယာဉ် Y8-5189 ဖြင့် စားသောက်ကုန်ပစ္စည်းများကို သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ အခြေအနေနဲ့ အခက်အခဲတွေကို နာဂ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက သြဂုတ် ၁၆ ရက်နေ့ နေ့လယ်ပိုင်း ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ ဝက်သက်ကာကွယ်ဆေး ထိုးတာကို တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၂၀၁၅ ခုနှစ်က စတင်ခဲ့ပေမယ့် ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေကိုတော့ ထိရောက်မှု အားနည်းနေပါသေးတယ်။

အခုဖြစ်ပွားနေတဲ့ နာဂဒေသမှာ ဝက်သက်ရောဂါအပြင် ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ချောင်းဆိုးရင်ကြပ် ကူးစက်ရောဂါ ဖြစ်ပွားမှုတွေကိုလည်း ခံစားနေရတယ်လို့ သိရပါတယ်။

 

14054028_1438438549516025_3845382858598837154_n14045774_1438438532849360_2006543448552621348_n13962530_1438438516182695_3800667622781988438_n

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013