DVB Logo
Home
မြန်မာသတင်း
သာပေါင်းရေနစ်မြုပ်မှုအတွင်း သေဆုံးသူ ၅ ဦးအထိ တိုးလာ
DVB
·
August 15, 2016
သာပေါင်းရေနစ်မြုပ်မှုအတွင်း  သေဆုံးသူ ၅ ဦးအထိ တိုးလာ
Donate to DVB

မြစ်ရေအနည်းငယ်ကျသွားပေမယ့် မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဧရာဝတီတိုင်း သာပေါင်း၊ ပုသိမ်နဲ့ ကျောင်းကုန်းမြို့တွေမှာ ရေမကျနိုင်သေးဘဲ ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။

သာပေါင်းမြို့နယ်မှာဆိုရင်ရေကြီးမှုကြောင့် ရေဘေးသင်ပြည်သူ ၈ သောင်းကျော်ရှိနေပြီဖြစ်ြ့ပီး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အခုချိန်ထိ သေဆုံးသူ ၅ ဦးအထိ တိုးလာပြီးလို့ သာပေါင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောပါတယ်။

“သာပေါင်းက မြစ်ရေအမှတ်တော့ကျတယ်ဗျာ။ ဒါပေမယ့် ကျနော်တို့က မိုးရေက ခံနေတယ်။ ဒီရေလည်းနည်နည်း တက်တဲ့အခါကျတော့ အခုန ရွာတွေမှာ အိမ်တွေမှာ ရေကျမှုက မရှိသေး ပါဘူး။ အသေအပျောက်ကတော့ ၅ ယောက်ရှိပြီ။ မနေ့က ၂ ယောက်သေတယ်။ စုစုပေါင်း ၅ ယောက်ရှိပြီ။  မြွေကိုက်တာက တယောက်၊ အပေါက်ကနေ ကျသေတာတယောက်၊ စက်လှေတိုက် သေတာက တယောက်၊  မနေ့ကလှေမှောက်တာက ၂ ယောက် အားလုံး ၅ ယောက်ရှိပြီ။ မနေ့က သေတာက ကျောင်းဆရာမတယောက်နဲ့ သူ့ယောက်ျားပါတယ်။”

သာပေါင်းမြို့နယ်မှာ ဇူလိုင်လကုန်ပိုင်းကစပြီး ရေကြီးနစ်မြုပ်ရာကနေ အခုဆိုရင် င၀န်မြစ်ရေ မြင့်တက်တဲ့အတွက် ကျေးရွာအုပ်စု ၇၀ ထဲက ၆၀ ကျော် ရေနစ်မြုပ်နေတာဖြစ်ပါတယ်။

ရေကြီးမှုကြောင့်လည်း တမြို့နယ်လုံးက အိမ်ခြေ မျောပါပျက်စီးမှု  ၂၀ ရှိပြီလို့လည်း ပြောပါ တယ်။

အလားတူ ပုသိမ်နဲ့ ကျောင်းကုန်မြို့တွေမှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်   မြို့တွင်း ရေဆက်တက်နေပြီး  ရေဘေးသင့်ပြည်သူတွေအတွက် လက်တလော သောက်ရေသန့်နဲ့ အစား အသောက်က အကူအညီတွေ လိုအပ်နေပါတယ်။

ရေကြီးမှုကြောင့်လည်း ရန်ကုန်ကနေ ပုသိမ်ကိုသွားမယ့်လမ်းမှာ ပုသိမ်-မုံရွာလမ်း၊ အသုတ်၊ ဒါးက၊ ဂုန်မင်းလမ်းပိုင်းတွေမှာ ရေကြီးနစ်မြုပ်နေတဲ့အတွက် ဆက်သွယ်မှုတွေ ပြတ်တောက်နေ ပါတယ်။

ဒါ့အပြင် ကျောင်းကုန်း၊ ဒါးက၊ ကန်ကြီးထောင့် သွားလမ်းလည်း ရေကျော်နေတဲ့အတွက် သွားလာမှုတွေ အခက်အခဲဖြစ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013