DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးတချို့ပြိုလှဲ
DVB
·
August 15, 2016
မြိတ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးတချို့ပြိုလှဲ
1 / 7
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြိ့နယ်တွင် သြဂုတ်လ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ သစ်ပင်ကြီးတွေနဲ့ အုန်းပင်တွေ လဲကျခဲ့ပါတယ်။

နာရီဝက်နီးပါး တိုက်ခတ်သွားတဲ့ အဆိုပါ မိုးသက်လေပြင်းဒဏ်ကြောင့် လဲပြိုတဲ့သစ်ပင်တွေဟာ လျှပ်စစ်ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေပေါ်ကို ပြိုကျပြီး ဓာတ်အားပေးမှုတွေပါ ပြတ်တောက်ခဲ့ရ ပါတယ်။

အဲဒီလိုလေပြင်းတိုက်ခတ်လို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကျောင်းအနီးသာကေတရပ်ကွက် သဲကွင်းနဲ့ အလယ်ကျွန်းနယ်မြေ နေရာအချို့မှာ သစ်ပင်ကြီးများပြိုလဲခဲ့ပြီး မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ရှင်းလင်းပေးခဲ့ပါတယ်။

အဆိုပါသစ်ပင်များပြိုလှဲမှုကြောင့် လူထိခိုက် ဒဏ်ရာမရရှိခဲ့ပေမယ့် လမ်းဘေး လျှပ်စစ်ဓာတ်တိုင် နဲ့ ဓာတ်ကြိုးများ ပျက်စီးနေပြီး လက်ရှိမှာ လျှပ်စစ်မီးများယာယီပြတ်တောက်သွားမယ်လို့ သက်ဆိုင်ရာ မီးလင်းရေးအဖွဲ့များထံမှ သိရပါတယ်။

အဲဒီလို ရုတ်တရက်တိုက်ခတ်သွားတဲ့ မိုးသက်မုန်တိုင်းဟာ တနာရီကို ၃၅ မိုင်ရှိတယ်လို့ မြိတ်ခရိုင် မိုးလေဝါသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရုံးမှ တိုင်းထွာချက်အရသိရပါတယ်။

သတင်း၊ ဓာတ်ပုံ - မြတ်ထွဋ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013