DVB Logo
Home
မြန်မာသတင်း
အဖျောက်-ဥတို ကားလမ်း တံတားများ ရေထဲမျောပါ
DVB
·
August 15, 2016
အဖျောက်-ဥတို ကားလမ်း တံတားများ ရေထဲမျောပါ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ထဲက အဖျောက်-ဥတို ကားလမ်းရေကြီးပြီး တံတားတွေ ပျက်ဆီးမျောပါ သွားတာကြောင့် ကယ်ဆယ်ရေး သွားမယ့်သူတွေနဲ့ ဒေသခံတွေ သွားလာရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

အဖျောက်မြို့နယ်ထဲက ကယ်ဆယ်ရေးစခန်းတွေနဲ့ ရေနစ်မြုပ်နေတဲ့ကျေးရွာတွေကို ကယ်ဆယ်ရေးသွားရောက်မယ့် စေတနာရှင်ပရဟိတအဖွဲ့တွေဟာ စက်လှေတွေနဲ့အဆင့်ဆင့် သွားရောက်နေကြရတာပါ။

ဒေသခံတွေအနေနဲ့လည်း အဖျောက်နဲ့တိုက်ကြီး ပုံမှန် ၅၀၀ ကျပ်နဲ့သွားလာရတဲ့ခရီးကို ၁၅၀၀၀ ကျပ်နီးပါးနဲ့ သွားလာနေရတာပါ။

ဒီလိုဒေသခံတွေ သွားလာရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရသလို တဖက်မှာလည်း ကားလမ်းမပေါ် နေထိုင်နေတဲ့ ဒေသခံအချို့ စားဝတ်နေရေးဖြေရှင်းဖို့အတွက် အဆင်ပြေနေကြပါတယ်။

ရေလွှမ်းမိုးနေတဲ့နေရာတွေမှာ ငါးဖမ်းတဲ့လုပ်ငန်းလုပ်ကိုင်နေကြသလို ဆိုင်ကယ်ကယ်ရီမောင်း တဲ့ အလုပ်တွေ ရေလွှမ်းလို့ သွားလာမရတဲ့နေရာတွေကို လှေနဲ့ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013