
၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ဖို့ အတွက် နေ့ရက်နဲ့ ညီလာခံမှာဆွေးနွေးမယ့် ကိစ္စရပ်တွေကို ဒီနေ့မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းဝေးမှာ ဆွေးနွေးနေကြပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဩဂုတ်လ ၁၅ ရက်နေ့က ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်နေတာပါ။
အစည်းအဝေးကို UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ UPDJC ရဲ့ ဒုဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ UPDJC ရဲ့ ဒုဥက္ကဋ္ဌ (၂) ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ UPDJC တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း၊ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးသုဝေ တို့တက်ရောက် အမှာစကားပြောကြား ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရန် ညီလာခံ ကျင်းပမည့် နေ့ရက်၊ ညီလာခံ ဖွင့်ပွဲ၊ ညစာစားပွဲနှင့် ဖိတ်ကြားမှု၊ ညီလာခံမှာဆွေးနွေးမယ့် ကိစ္စရပ်တွေ၊ ညီလာခံကျင်းပရေး ပူးတွဲကော်မတီဖွဲ့စည်းရေး စတာတွေကို အတည်ပြုချက် ရယူမှာဖြစ်ပါတယ်။
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာနမှာ သြဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။











