DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့လယ် နောက်ဖေးလမ်းကြား အမှိုက်ရှင်း စီမံချက် စတင်လုပ်ဆောင်
DVB
·
August 15, 2016
ရန်ကုန်မြို့လယ် နောက်ဖေးလမ်းကြား အမှိုက်ရှင်း စီမံချက် စတင်လုပ်ဆောင်
1 / 6
Donate to DVB

ရန်ကုန်မြို့လယ် ၆ မြို့နယ်က နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းတဲ့ စီမံချက်ကို သြဂုတ်လ ၁၅ ရက်နေ့ကစပြီး လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ကနဦး စီမံချက်ရဲ့ အနေနဲ့ ဒီနေ့မှာ ပုဇွန်တောင်မြို့နယ်နဲ့ လမ်းမတော်မြို့နယ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) စတင်ရှင်းလင်းနေပါတယ်။

နောက်ဖေးလမ်းကြားတွေမှာ စွန့်ပစ်ထားတဲ့ အမှိုက်တွေဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် လနဲ့ချီအချိန်ယူဆောင်ရွက်ရမယ်လို့သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီမံချက်နဲ့ရှင်းလင်းပြီးရင် နောက်ပိုင်းမှာ ပြည်သူက ဆက်လက်ထိန်းသိမ်း လုပ်ဆောင်ရမှာဖြစ်ပြီး ထပ်မံစွန့်ပစ်တာတွေကိုတော့ ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013