DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၀၀ကျော်ကို အခမဲ့ ခွဲစိတ်ကုသပေးနေ
DVB
·
August 15, 2016
နိုင်ငံတ၀န်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၀၀ကျော်ကို အခမဲ့ ခွဲစိတ်ကုသပေးနေ
Donate to DVB

မြန်မာနိုင်ငံအနှံ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို Smile Asia အဖွဲ့နဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံက မျက်နှာနဲ့မေးရိုးဆရာဝန်တွေပူးပေါင်းပြီး ရန်ကုန်ဆေးရုံကြီး မျက်နှာနှင့် မေးရိုးဌာနမှာ အခမဲ့ ခွဲစိတ်ကုသပေးနေပါတယ်။

မြန်မာနိုင်ငံဝန်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် ကလေးငယ် ၁၇၀ ကျော်ကို စစ်ဆေးမှုတွေပြုလုပ်ပြီး ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသပေးနေတာလို့ Smile Asia ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ဝင်းဝင်းသန့်က ပြောပါတယ်။

“ဒီက ရန်ကုန်ပြည်သူ့ဆေးရုံက မျက်နှာနဲ့ မေးရိုးဌာနက ဆရာဝန်ကြီးတွေနဲ့ ပေါင်းပြီး ခွဲမှာပေါ့နော်။ ပထမ ၁၃ ရက်နေ့အထိ နိုင်ငံတ၀န်းမှာ ကျမတို့ဆီ စာရင်းတင်လာတဲ့ လူနာက ၁၅၆ ရှိတယ်။ နောက်မနေ့က ဆေးရုံကြီးမှာ ထပ်ပြီးလာပြတဲ့လူနာက ၁၈ ယောက်၊ အားလုံး ၁၇၃ ယောက်ကို ကျမတို့ ဆေးစစ်ဆေးမှုတွေပြုလုပ်ပြီးတော့ တနေ့ကို ၂၀ နဲ့ ၅ ရက် ခွဲစတ်ကုသ ပေးဖို့ မှန်းထားပါတယ်။ လောလောဆယ်တော့ အစီအစဉ်ကိုတော့ လူနာ ၁၁၀ လောက်တော့ လုပ်တယ်။ ဒီနေ့ကနေစပြီးတော့ ၁၉ ရက်နေ့အထိ ခွဲစိတ်ကုသမှာဖြစ်ပါတယ်။ ”

ခွဲစိတ်ကုသဖို့ စာရင်းပေးသွင်းသူတွေဟာ အသက် ၆ လကနေ ၁၀ နှစ်အထိ ကလေးငယ် ၉၅ ဦးရှိပြီး ကျန်သူတွေက နည်းနည်း အသက်ကြီးလာတဲ့ကလေးတွေဖြစ်တယ်လို့ ဒေါ်ဝင်းဝင်းသန့် က ပြောပါတယ်။

လက်ရှိခွဲစိတ်ကုသမှုကိုလည်း ကလေးငယ်ကို ပိုပြီး ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

လက်ရှိ ခွဲစိတ်ကုသမှုမှာ မြန်မာနိုင်ငံက ဆရာဝန်ကြီးအတွေအပါအ၀င် စင်ကာပူ၊ အိန္ဒိယ၊ တရုတ်၊ ကမ္ဘောဒီးယာ၊ အင်ဒိုနီးရှား၊ ဆွီဇလန်၊ အီတလီ၊ ယူကေနဲ့ သြစတေးလျက ဆရာဝန်တွေ ပါဝင် ခွဲစိတ်နေကြပါတယ်။

လတ်တလောဆေးကုသစဉ်ကာလအတွင်း နေထိုင်သွားလာစားသောက်မှုနဲ့ ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ် အားလုံးကို ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းက တာဝန်ယူ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Smile Asia ဟာ စင်ကာပူနိုင်ငံမှာခြေစိုက်ပြီး နိုင်ငံ ၁၅ နိုင်ငံက စေတနာဝန်ထမ်းဆရာဝင်တွေ ပါဝင်ပြီး မြန်မာနိုင်ငံအတွင်းမှာ အခု အခမဲ့ခွဲစိတ်တဲ့အစီအစဉ်အပါအ၀င် ၆ ကြိမ်မြောက် ဖြစ်ခွဲစိတ်ကုသမှာဖြစ်ပါတယ်။

အခမဲ့ခွဲစိတ်တဲ့အစီအစဉ် စတင်တဲ့ ၂၀၁၀ ခုနှစ်က ၂၀၁၅ ခုနှစ်အထိ အနယ်နယ်အရပ်ရပ်က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၅၈၃ ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013