DVB Logo
Home
မြန်မာသတင်း
ရေတာရှည်မြို့နယ်တွင် တံတားတစင်း ကျိုးကျ (ဓာတ်ပုံ)
DVB
·
August 14, 2016
ရေတာရှည်မြို့နယ်တွင် တံတားတစင်း ကျိုးကျ (ဓာတ်ပုံ)
1 / 5
Donate to DVB

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ၆ မိုင်ကျေးရွာအနီးက ကိုးပင်နဲ့ပြည်ကို ဆက်သွယ်တဲ့ ကွန်ကရစ်တံတားတစင်း ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က ကျိုးကျသွားပါတယ်။

အရှည် ပေ ၂၀ နဲ့မျက်နှာဝ အကျယ် ၁၈ ပေလောက်ရှိတဲ့ ကွန်ကရစ်တံတားဖြစ်ပြီး အောက်ခြေရေတိုက်စားမှုကြောင့် မြေပြိုပြီး ကျိုးကျတာ ဖြစ်နိုင်တယ်လို့ ဂုန်မင်းကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းတင်က ပြောပါတယ်။

တံတားကျိုးကျတဲ့အတွက် ကိုးပင်လမ်းကို သွားလာနေတဲ့ကားတွေ လက်တလော ပိတ်မိနေပြီး သွားလာရေးအခက်အခဲ ဖြစ်နေတယ်လို့ အဲဒီတံတား ကျိုးကျတဲ့နေရာမှာ ကားလမ်း ပိတ်မိနေတဲ့ ဆရာတော်တပါးက ဒီဗွီဘီကို ပြောပါတယ်။

သတင်းဓာတ်ပုံ - အောင်စိုးမိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013