DVB Logo
Home
မြန်မာသတင်း
တရုတ်က မြန်မာ့မိတ်ဆွေကောင်းဟု ဗိုလ်ချုပ်မှူးကြီးဟောင်း ပြောကြား
DVB
·
August 13, 2016
တရုတ်က မြန်မာ့မိတ်ဆွေကောင်းဟု ဗိုလ်ချုပ်မှူးကြီးဟောင်း ပြောကြား
1 / 8
Donate to DVB

တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းကောင်း မိတ်ဆွေကောင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်ကျိုးမပါပဲ ရေရှည်အကူအညီ အထောက်အပံ့တွေ ပေးခဲ့တယ်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ပြောပါတယ်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနဝန်ကြီး မစ္စတာဆုန့်ထောင်းနဲ့ သြဂုတ် ၁၁  ရက်က နေပြည်တော်မှာ တွေ့ဆုံစဉ်  ဦးသန်းရွှေက ပြောကြားခဲ့တာလို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံတကာရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အသွင်းကူးပြောင်းရေး အရေးပါတဲ့ အခြေအနေမှာရောက်ရှိနေပြီး အုပ်ချုပ်ရေးအတွေ့အကြုံနဲ့ တရုတ်နဲ့ကဏ္ဍမျိုးစုံမှာပူးပေါင်းဆောင်ရွက်မှု ကနေ နောက်ထပ်သင်ယူဖို့ လိုအပ်နေတယ်လို့ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ အပြန်အလှန်ချစ်ကြည်ရင်းနှီးဆက်ဆံရေးခိုင်မာအောင်  တရုတ်ကွန်မြူနစ်ပါတီနဲ့ တခြားနိုင်ငံရေး အင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့   အသိအမှတ်ပြုတယ်လို့လည်း ပြောပါတယ်။

တရုတ်ဝန်ကြီး မစ္စတာဆုန့်ထောင်းကတော့ တရုတ်နဲ့  မြန်မာဟာ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံသဘောထားဆန္ဒဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်သူတွေရဲ့ လူနေမှုဘ၀တိုးတက် မြင့်မားဖို့နဲ့  အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အားထုတ်ကြိုးပမ်းမှုတွေမှာ မြန်မာပြည်က သက်ဆိုင်သူ အားလုံးကို  ပံ့ပိုးကူညီပေးနေတယ်လို့ ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူရဦးရွှေမန်း၊ ဦးသိန်းစိန် တို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီကနေ့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်  ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့် စသူတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013