DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများဘဏ် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချခွင့်ရရှိ
DVB
·
August 13, 2016
မြန်မာနိုင်ငံသားများဘဏ် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချခွင့်ရရှိ
1 / 3
Donate to DVB

မြန်မာနိုင်ငံသားများဘဏ် (MCB) ကို  ရန်ကုန်စတော့အိတ်ချိန်းရဲ့ စာရင်းဝင် ကုမ္ပဏီအဖြစ် တရားဝင်သတ်မှတ် အတည်ပြုပေးလိုက်ပြီး ရှယ်ယာတွေ စတင်ရောင်းချခွင့် ပေးတော့မယ်လို့ ရန်ကုန်စတော့ အိတ်ချိန်းက သြဂုတ် ၁၂ ရက်မှာ ကြေညာပါတယ်။

မြန်မာနိုင်ငံသားများဘဏ်ဟာ  မြန်မာဘဏ်တွေထဲ ရန်ကုန်စတော့အိတ်ချိန်းမှာ ပထမဆုံး ရှယ်ယာရောင်းချခွင့်ရတဲ့ဘဏ်ဖြစ်ပြီး  FMI ကုမ္ပဏီနဲ့  မြန်မာသီလ၀ါ အများပိုင်ကုမ္ပဏီ (MTSH) တွေပြီးရင် ရှယ်ယာတွေ ရောင်းချခွင့်ရတဲ့  တတိယမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာပါတယ်။

ဘဏ်ရဲ့အစုရှယ်ယာတွေကို သြဂုတ် ၂၆ ရက် စတင်ရောင်းချမှာဖြစ်ပြီး ရှယ်ယာအခြေခံဈေးနှုန်းကိုတော့ သြဂုတ် ၂၅ ရက်နေ့မှာ တရက်ကြိုတင် ကြေညာပေးသွားမယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၁၉၉၁ မှာ စတင်တည်ထောင်ထားတဲ့ မြန်မာနိုင်ငံသားများဘဏ်ဟာ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ အစိုးရ တပိုင်းဘဏ်ဖြစ်ပြီး  မတည်ရင်းနှီးငွေကျပ် ၅၂ ဘီလီယံလောက်နဲ့ နိုင်ငံတ၀န်း ဘဏ်ခွဲပေါင်း ၂၀ နီးပါး  ဖွင့်လှစ်လည်ပတ်လုပ်ကိုင်နေတဲ့ ဘဏ်ဖြစ်ပါတယ်။

အလားတူ ယခင် မွေးမြူရေးနဲ့ ရေလုပ်ငန်းဘဏ်ကို အမည်ပြောင်းထားတဲ့  ကမ္ဘာ့ရတနာဘဏ်ကလည်း ရန်ကုန်စတော့အိပ်ချိန်းမှာ ၀င်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ ဘဏ်ရဲ့ နှစ်ပတ်လည် အစည်းအဝေး အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ရတနာဘဏ်ဟာ အစုရှယ်ယာ ပေါင်း ၁ သိန်းကျော်နဲ့ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၅၂၀၀၀ ကျော်ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013