DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်တွေ့ဆုံ
DVB
·
August 13, 2016
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်တွေ့ဆုံ
1 / 6
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနဝန်ကြီး မစ္စတာဆုန့်ထောင်း (Mr.Song Tao) နဲ့အဖွဲ့ဟာ သြဂုတ်လ ၁၀ ရက်က လူမြင်ကွင်းက ပျောက်နေတဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာဆုန့်ထောင်းနဲ့အဖွဲ့ဟာ နေပြည်တော်မှာ မြန်မာထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့တဲ့သတင်းကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ တရုတ်ရုပ်သံသတင်းပါ ဓာတ်ပုံတွေကတော့ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တရုတ်ရုပ်သံသတင်းမှာတော့ မြန်မာနိုင်ငံချစ်ကြည်ရေး ခရီးစဉ် ၅ ရက်တာအတွင်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနဝန်ကြီး မစ္စတာဆုန့်ထောင်း နဲ့ အဖွဲ့ဟာ မြန်မာအစိုးရ အဖွဲ့ခေါင်းဆောင်တွေနဲ့ ပါတီခေါင်းဆောင်တွေကို တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံကို ၁၉၉၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံခဲ့ကြောင်းကို ဖော်ပြသွားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013