DVB Logo
Home
မြန်မာသတင်း
ကုက္ကိုပင်ကြီး ကားဝပ်ရှော့နှင့်စားဖို့ဆောင်ပေါ်လဲကျ၊ ၁ ဦး သေဆုံး (သတင်းဓာတ်ပုံ)
DVB
·
August 13, 2016
ကုက္ကိုပင်ကြီး ကားဝပ်ရှော့နှင့်စားဖို့ဆောင်ပေါ်လဲကျ၊ ၁ ဦး သေဆုံး (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် အလံပြဘုရားလမ်းနဲ့ ဗိုလ်မင်းခေါင် လမ်းထောင့်ရှိ ဆူဇူကီး ကားအရောင်းပြခန်း ခြံဝင်းအတွင်းမှာ လုံးပတ် ၁၈ ပေလောက်ရှိ သက်တမ်းရင့်ကုက္ကိုပင်ကြီး စားဖိုဆောင်နဲ့ ကားဝပ်ရှော့ အဆောက်အဦပေါ် လဲကျခဲ့လို့ ၁ ဦး သေဆုံးသွားပါတယ်။

သြဂုတ် ၁၂ ရက်နေ့ည ၉ နာရီခွဲလောက်က လဲကျခဲ့တာဖြစ်ပြီး အနီးမှာ ရပ်ထားတဲ့ မော်တော်ယာဉ် ၇ စီး ထိခိုက်ပျက်စီးခဲ့ပြီး ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်သူ ဒေါ်ဆွေဆွေဝင်းနဲ့ ဒေါ်အိန္ဒြာလှိုင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ရန်ကုန်ဆေးရုံကြီးပို့ဆောင်စဉ် ၆၂ နှစ်အရွယ်  ဒေါ်အိန္ဒြာလှိုင် သေဆုံးသွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အိန္ဒြာလှိုင် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှာ  သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၆) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်နေရာက အပျက်အစီးတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းဓာတ်ပုံ - Yangon Police

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013