DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း အထက်တန်းကျောင်းသား ၃ ဦး ရေဆင်းကူးရာမှ နစ်မြုပ်ပျောက်ဆုံး
DVB
·
August 13, 2016
ချင်းတွင်းမြစ်အတွင်း အထက်တန်းကျောင်းသား ၃ ဦး ရေဆင်းကူးရာမှ နစ်မြုပ်ပျောက်ဆုံး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ကျေးရွာကမ်းအနီး ချင်းတွင်းမြစ်အတွင်းမှာ မုံရွာအစိုးရနည်းပညာ အထက်တန်းကျောင်းသားကျောင်းသူ လူငယ် ၃ ဦး ရေကူးရာကနေ နစ်မြုပ်ပျောက်ဆုံးနေပါတယ်။

လူငယ်တွေဟာ သြဂုတ် ၁၁ နေ့ ညနေက မြစ်အတွင်း ရေဆင်းကူးရာမှ ရေဝဲအတွင်း နစ်မြုပ်ခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့အထိ တရက်ကြာ ရှာဖွေပေမယ့် ရှာဖွေမရဖြစ်နေတာပါ။

အဲဒီနေ့က မုံရွာအစိုးရနည်းပညာအထက်တန်းကျောင်းမှ အခု ပျောက်ဆုံးနေတဲ့ လူငယ် ၃ ဦးအပါဝင် ရေဆင်းကူးသူ စုစုပေါင်း ကျောင်းသား ၆ ဦး ရှိတယ်လို့လည်း ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

မြစ်အတွင်း ရေဆင်းကူးခဲ့သူ အဆိုပါ ကျောင်းသား ၆ ဦးမှာ ကမ်းဘေးအနီးက ရေဝဲအတွင်း နစ်မြုပ်ခံခဲ့ရပြီး ၃ ဦးကိုတော့ စက်လှေသမားတဦးက ကယ်ဆယ်နိုင်ခဲ့ကာ ကျန် ၃ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ကျောင်းသားကျောင်းသူ ၃ ဦးမှာ မမြတ်သဉ္စာစိုး၊ မနန်းဆုကျော်နဲ့ မောင်မျိုးနိုင်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ်  ၁၂ ရက်နေ့ ညနေအချိန်အထိ အဆိုပါ ပျောက်ဆုံးနေတဲ့ ကျောင်းသားကျောင်းသူ လူငယ် ၃ ဦးကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ ရွာခံတွေက ရှာဖွေလျှက်ရှိနေပါတယ်။

သတင်းဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013