DVB Logo
Home
မြန်မာသတင်း
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ပညာရေးလှုပ်ရှားသူ စရှိုင်းကို ချီးမြှင့်
DVB
·
August 12, 2016
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ပညာရေးလှုပ်ရှားသူ စရှိုင်းကို ချီးမြှင့်
1 / 2
Donate to DVB

၂၀၁၅ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ဘားအံအခြေစိုက် ကရင်ပညာရေး အတွက်လှုပ်ရှား ဆောင်ရွက်သူ စရှိုင်းကို  ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကို အမှတ်တရအနေနဲ့ သူ့ရဲ့သားသမီးတွေ ထူထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်းကနေ ၂၀၁၅ အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုအား စရှိုင်းကို ရွေးချယ်ချီးမြှင့် လိုက်တာပါ။

၂၀၁၅ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုအတွက် အမည်စာရင်းတင်သွင်းခံရသူ ၇ ဦးရှိပြီး အဲဒီထဲက စရှိုင်းကို ရွေးချယ်ခဲ့တာလို့ ပဒိုမန်းရှာရဲ့သားကြီး စောစေးစေးဖန်းက ပြောပါတယ်။

“သူက ကျောင်းတက်ကတည်းက သူ့လူမှုအသိုင်းအ၀န်းအတွက် အလုပ်လုပ်ခဲ့တယ်။ ဘန်ကောက်မှာ ကျောင်းတက်တုန်းက သူက (OKRSO - ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်း) မှာ အလုပ်လုပ်ပြီး ဗဟိုကော်မတီဝင် တယောက်ဖြစ်လာခဲ့တယ်။ သူက သူ့လူမျိုးအတွက် တတ်နိုင်သလောက် ကြိုးစားကူညီလုပ်ဆောင်နေတဲ့ လူငယ်တယောက်ဖြစ်တယ်။ ထိုနည်းတူပဲ ကျောင်းပြီးတော့ ဘားအံမှာပြန်သွားတယ်။ ကရင်လူငယ်အဖွဲ့အစည်းအတွက် အလုပ်လုပ်တယ်။ ဒါကြောင့် ကျနော်တို့ သူ့ကို ရွေးချယ်လိုက်တာပါ။”

ဆုရရှိတဲ့ စရှိုင်းကိုတော့ ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် ကရင့်အာဇာနည်နေ့ ကေအန်ယူ ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားအတွင်း ဆုချီးမြှင့်ခဲ့ပါတယ်။

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုရရှိတဲ့ စရှိုင်းက“ ဒီဆုကို စီစဉ်ပေးတဲ့ အထူးသဖြင့် ဖန်းဖောင်ဒေးရှင်းကို တည်ထောက်ပေးတဲ့ ပဒိုမန်းရှာ မိသားစုနဲ့ သားသမီးတွေအားလုံးကို ကျေးဇူးတင်တယ်။ ဒီလိုဆုက လူငယ်တွေအတွက်ကတော့ အရမ်းကို ကောင်းတဲ့ ပုံဆောင်ဖြစ်တယ်လို့ ခံစားရတယ်။ ဒီအတွက်လည်း ၀မ်းသာပီတိဖြစ်သလို တခြားလူငယ်တွေလည်း ဒီလိုဆုမျိုး ထိုက်တန်တဲ့ လူငယ်တွေအများကြီးရှိပါတယ်။ ကျနော်တို့ ပြည်တွင်းနဲ့ နယ်စပ်အချိတ်အဆက်မမိတဲ့ လူငယ်တွေဟာ တယောက်နဲ့တယောက် သိကြမယ်ဆိုလို့ရှိရင် ပိုပြီးတော့မှ ဒီ ပဒိုမန်းရှာဆုကို ထိုက်တန်တဲ့လူငယ်တွေ အများကြီးပဲ ပေါ်ထွက်လာမှာပါလို့ ကျနော်က ယုံကြည်ပါတယ်” လို့ပြောပါတယ်။

စရှိုင်းဟာ လက်ရှိ လူငယ်ကွန်ရက် (ဘားအံ) ကို တည်ထောင်သူဖြစ်သလို ပညာရေးနဲ့ ပတ်သက်ပြီးလည်း လူငယ်တွေ စွမ်းဆောင်ရည်မြင့်တင်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းစဉ်တွေ  လုပ်ဆောင်နေပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး  Adventist Development and Relief Agency (ADRA) မှာ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးတွေ လုပ်ဆောင်နေပါတယ်။

လုပ်ကြံခံခဲ့ရတဲ့ ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်လာတာဖြစ်ပါတယ်။

537633_10150789824577821_1507370304_nဒီဆုဟာ ကရင်လူမှုအဖွဲ့အစည်း အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အသက် ၃၅ နှစ် ထက်မကျော်သေးတဲ့ ကရင်လူငယ်တွေကို ချီးမြှင့်တာဖြစ်ပြီး ဆုကြေး အမေရိကန်ဒေါ်လာ ၂၀၀၀ ပေး အပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခု ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ကိုတော့ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် (KESAN )မှာ လူထုအကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နော်ဆာမူးက ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013